ကျိုက်ထိုမြို့နယ်တွင် အိမ်သာတက်ရန် ရေခပ်သူတစ်ဦး ရေတွင်းထဲ ပြုတ်ကျသေဆုံး


မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဖက္ကလိပ်ကျေးရွာတွင် နိုဝင်ဘာ ၁၀ ရက်က အိမ်သာတက်ရန် ရေခပ်သူတစ်ဦး ရေတွင်းအတွင်းသို့ ပြုတ်ကျသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ကျိုက်ထိုမြို့မ ရဲစခန်းမှ သိရှိရသည်။"သေတဲ့သူက အလည်လာတဲ့ဧည့်သည် အိမ်သာတက်ဖို့ အိမ်သာမှာ ရေမရှိလို့၊ အကာအရံမရှိတဲ့ ရေတွင်းမှာ ရေခပ်ရာကနေ ပြုတ်ကျသေဆုံးသွားတယ်။''ဟု ကျိုက်ထိုမြို့မ ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

လူတစ်ဦး ရေတွင်းထဲပြုတ်ကျသေဆုံးကြောင်းသတင်းအရ ကျိုက်ထိုမြိုမ ရဲစခန်းမှ တာဝန်ရှိသူများက အခင်းဖြစ်ပွားရာနေအိမ်သို့ သွားရောက်စစ်ဆေးရာတွင် လူတစ်ဦးမှာ နှာခေါင်းသွေးထွက်ပြီး ပြင်ပဒဏ်ရာ တစ်စုံတစ်ရာ မရှိဘဲ ရေနစ်သေဆုံးသည့် လက္ခဏာများဖြင့်သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရကြောင်း ရဲမှတ်တမ်းအရ သိရသည်။

 သေဆုံးသူမှာ ရဲနိုင်စိုး(၃၄)နှစ်၊ မော်လမြိုင်နေသူဖြစ်ပြီး ဦးသော်ဇင်လတ်နေအိမ်သို့ အလည်လာစဉ် နံနက်ပိုင်း တွင် အိမ်သာတက်ရန်အတွက် နေအိမ်အနောက်ဘက်ရှိ အနက် ပေ(၂၀)ခန့်ရှိ အကာအရံမရှိသော ရေတွင်း တွင်ရေခပ်စဉ် ခြေချော်ပြီး ပြုတ်ကျသေဆုံးခြင်းဖြစ်ကြောင်း သိရသည်။

 ဖြစ်စဉ်နှင့် ပတ်သက်၍ ကျိုက်ထိုမြို့မ ရဲစခန်းက သေမှုသေခင်းအမှတ်စဉ် (ပ) ၁၆ /၂၀၁၇ ဖြင့် အမှုရေးဖွင့်ကာ ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်၊ မဟုတ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/
ကျိုက်ထိုမြို့နယ်တွင် အိမ်သာတက်ရန် ရေခပ်သူတစ်ဦး ရေတွင်းထဲ ပြုတ်ကျသေဆုံး ကျိုက်ထိုမြို့နယ်တွင် အိမ်သာတက်ရန် ရေခပ်သူတစ်ဦး ရေတွင်းထဲ ပြုတ်ကျသေဆုံး Reviewed by THITHTOOLWIN on 19:58 Rating: 5
Powered by Blogger.