မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွား၍ ကလေးငယ်တစ်ဦးသေဆုံး


နေပြည်တော် နိုဝင်ဘာ ၅

ရှမ်းပြည်နယ် နောင်ချိုမြို့ ကြံခင်းကျေးရွာ၌ နိုဝင်ဘာ ၄ ရက် နံနက် ၆ နာရီက မီးလောင်မှုဖြစ်ပွား၍ ဒေသခံများ ဝိုင်းဝန်းမီးငြှိမ်းသတ်မှုကြောင့် မီးငြိမ်းသွားပြီး ကလေးတစ်ဦး မီးလောင်သေဆုံးခဲ့ကြောင်း သိရသည်။

ကြံခင်းကျေးရွာနေ ဦးညွန့်ဖေ(၄၇နှစ်)သည် သားဖြစ်သူ မောင်ဝင်းဆိုင်(၁ဝ နှစ်) အား တစ်ဦးတည်း ထားခဲ့၍ နားနွဲ့ကျေးရွာရှိ မင်္ဂလာဆောင်သို့ သွားရောက် ကူညီလုပ်ကိုင်စဉ် နေအိမ် မီးဖိုဆောင်ရှိ မီးကြွင်းမီးကျန်မှ တစ်ဆင့် မီးစတင် လောင်ခဲ့သည်။

 မီးလောင်ရာသို့ ကျေးရွာနေ ပြည်သူများ ဝိုင်းဝန်းငြှိမ်းသတ်မှု ကြောင့် မိနစ် ၃ဝ ခန့်အကြာတွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် နေအိမ်၌ အိပ်ပျော်နေသော သားဖြစ်သူ မောင်ဝင်းဆိုင်မှာ မီးလောင်သေဆုံးသွားကြောင်း စစ်ဆေးသိရှိရသဖြင့် ဦးညွန့်ဖေအား ဒိုးပင်နယ်မြေရဲစခန်းက အမှုဖွင့်အရေးယူထား ကြောင်း သိရသည်။

ကိုရဲ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွား၍ ကလေးငယ်တစ်ဦးသေဆုံး မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွား၍ ကလေးငယ်တစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 09:01 Rating: 5
Powered by Blogger.