မြောက်ကိုရီးယားနဲ့ ဆွေးနွေးဖို့ တရုတ်ပြောကြား

Photo: AFP
အခြေအနေ ပိုတင်းမာအောင်လုပ်နေမယ့်အစား မြောက်ကိုရီးယားနဲ့ဆွေးနွေးဖို့ နိုင်ငံတွေကပိုဆောင်ကြဉ်းနိုင်မယ်လို့ မျှော်လင့်တဲ့အကြောင်း တရုတ်နိုင်ငံက အင်္ဂါနေ့မှာ ပြောကြားလိုက်ပါတယ်။

မြောက်ကိုရီးယားဟာ အကြမ်းဖက်မှုကို ထောက်ခံအားပေးတဲ့နိုင်ငံလို့ အမေရိကန်က ကြေညာပြီးတဲ့နောက် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရသူ Lu Kang က ဝေဖန်တာတွေ ရပ်တန်းကရပ်လိုက်ပြီး ကိုရီးယားကျွန်းဆွယ် အခြေအနေဟာ အတော့်ကို အတိမ်းအစောင်းမခံတဲ့ အနေအထားမှာရှိနေတာမို့ အတိုက်အခံတွေလုပ်နေမယ့်အစား ကာယကံရှင်တွေအားလုံးကို ဆွေးနွေးပွဲစကားဝိုင်းကို ခေါ်ယူတာက ပိုအလုပ်ဖြစ်ပါလိမ့်မယ်လို့ ပြောတာပါ။

မြောက်ကိုရီးယားဟာ အကြမ်းဖက်မှုကို ထောက်ခံအားပေးတဲ့နိုင်ငံလို့ အမေရိကန်ကသတ်မှတ်တာကို ဂျပန်နိုင်ငံကတော့ ကြိုဆိုလိုက်ပါတယ်။

မြောက်ကိုရီးယားကို အမေရိကန်က အကြမ်းဖက်မှုဆိုင်ရာ နာမည်ပျက်စာရင်းသွင်းပြီး နောက်တရက်မှာ ဂျပန်ဝန်ကြီးချုပ်ရဲ့ကြေညာချက်ထွက်လာတာပါ။ အမြင့်ဆုံးအဆင့်ဖိအားပေးတဲ့လှုပ်ရှားမှုရဲ့ တစိတ်တပိုင်းအရ အရေးယူပိတ်ဆို့မှုသစ်ချမှတ်မယ်လို့လည်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
မြောက်ကိုရီးယားနဲ့ ဆွေးနွေးဖို့ တရုတ်ပြောကြား မြောက်ကိုရီးယားနဲ့ ဆွေးနွေးဖို့ တရုတ်ပြောကြား Reviewed by THITHTOOLWIN on 12:11 Rating: 5
Powered by Blogger.