ထိုင်းမြန်မာနယ်စပ် အုန်းဖျန်ခရိုင် နိုဖိုးစခန်းမှ ဒုက္ဒသည်များ စီးလာသည့် ထော်လာယာဉ်ပေါ် သစ်ပင်လဲကျ (၃)ဦး သေဆုံး (၅)ဦး ဒဏ်ရာရ


နိုဝင်ဘာလ ၇ ရက်နေ့ ဒီကနေ့ နံနက်ပိုင်းက ထိုင်းနိုင်ငံ တပ်ခ်ပြည်နယ် အုန်းဖျန် ခရိုင်အတွင်းရှိ မြန်မာ ဒုက္ဒသည် သည်တွေ နေထိုင်နေတဲ့နို့ ဘိုး စခန်းတွင်းက ဒုက္ဒသည်(၈) ဦးလိုက်ပါလာတဲ့ ထော်လာယာဉ်ဟာ မယ်ကျန် ကျေးရွာ ကီလို ၆၇နဲ့ ၆၈ ကြားက တောင်ဆင်းလမ်းမပေါ်မှာ မောင်းနှင်နေစဉ် လမ်းဘေးရှိ သစ်ပင်က ထော်လာယာဉ်ပေါ် လဲကျခဲ့ကြောင်း အုန်ဖျန် အုပ်ချုပ်ရေးမှူး ပရထစ် ပိုထန် Pratip Phootham ကပြောပါတယ်။


ထော်လာယာဉ်ပေါ်လိုက်ပါကြတဲ့ နို့ ဘိုးဒုက္ခသည်စခန်း ကခလေးတွေအပါအ၀င် ၈ဦးမှာ သုံးဦးသေဆုံးခဲ့ပြီး ၅ဦးဒဏ်ရာရခဲ့ပါတယ်၊ သေဆုံးတဲ့ သူတွေဟာ မလာပေါ(အမျိုးသမီး) အသက်(၄၀)နှစ်၊ မေလာပွေ အသက်၁၈နှစ်(မိန်းခလေး) နဲ့  အဒါ အသက်(၄)နှစ် တို့ ဖြစ်ကြပါတယ်။

ဒါဏ်ရာ ရသူတွေမှာ နှစ်ဦးဟာ ဒဏ်ရာပြင်းထန်ပြီး ကျန်သုံးဦးကတော့ ဒါဏ်ရာအနည်းသာရခဲ့ပါတယ်၊ ဒါဏ်ရာရသူအားလုံးကို အုန်းဖျန် ခရိုင်ဆေးရုံကို ပို့ ဆောင်ပြီး ဆေးကုသပေးနေကြောင်းသိရပါတယ်။

AEC NEWS
Social Action for Children and Women - SAW
ထိုင်းမြန်မာနယ်စပ် အုန်းဖျန်ခရိုင် နိုဖိုးစခန်းမှ ဒုက္ဒသည်များ စီးလာသည့် ထော်လာယာဉ်ပေါ် သစ်ပင်လဲကျ (၃)ဦး သေဆုံး (၅)ဦး ဒဏ်ရာရ ထိုင်းမြန်မာနယ်စပ် အုန်းဖျန်ခရိုင် နိုဖိုးစခန်းမှ ဒုက္ဒသည်များ စီးလာသည့် ထော်လာယာဉ်ပေါ် သစ်ပင်လဲကျ (၃)ဦး သေဆုံး (၅)ဦး ဒဏ်ရာရ Reviewed by THITHTOOLWIN on 20:00 Rating: 5
Powered by Blogger.