တရုတ်မှာ တိဘက်ဘုန်းကြီးတစ်ပါး ကိုယ့်ကိုယ်ကိုမီးရှို့


တရုတ်နိုင်ငံအနောက်ပိုင်း စီချွမ်ပြည်နယ်မှာ တိဘက်ဘုန်းတော်ကြီးတစ်ပါး ကိုယ့်ကိုယ်ကို မီးရှို့မှုဖြစ်ပွားခဲ့တယ်လို့ လန်ဒန်မြို့အခြေစိုက် တိဘက်လွတ်မြောက်ရေးအဖွဲ့က ပြောပါတယ်။

အသက် ၆၃ နှစ်အရွယ် တန်ဂါ Tenga ဘွဲ့အမည်ရှိ တိဘက်ဘုန်းတော်ကြီးဟာ “တိဘက်လွတ်မြောက်ရေး လိုချင်တယ်” လို့ ဟစ်အော်ပြီး ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကိုယ့်ကိုယ်ကို မီးရှို့ခဲ့တာလို့ ဆိုပါတယ်။

မီးစွဲလောင်နေတဲ့ ဘုန်းတော်ကြီး တန်ဂါကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သယ်ဆောင်သွားပြီး၊ သေသလား၊ ရှင်သလား မသိရသေးဘူးလို့ တိဘက်လွတ်မြောက်ရေးအဖွဲ့က ပြောပါတယ်။

တရုတ်အစိုးရရဲ့ အုပ်ချုပ်မှု မူဝါဒတွေကို မကျေနပ်တဲ့အတွက် တိဘက်ဒေသမှာ ၂၀၀၉ ခုနှစ်ကစလို့ ကိုယ့်ကိုယ်ကို မီးရှို့သူ ရဟန်းရှင်လူ ၁၅၀ နီးပါးရှိသွားပြီ ဖြစ်ပါတယ်။

တရုတ်အစိုးရ၊ ရဲတပ်ဖွဲ့နဲ့ ဘာသာရေးဌာန အရာရှိတွေကတော့ အဲဒီဒေသမှာပေါ်ပေါက်နေတဲ့ မီးရှို့မှုဖြစ်စဉ်တွေကို မသိကြောင်း ပြောကြသလို၊ တချို့လည်း ဖုန်းလက်ခံဖြေဆိုမှု မပြုကြပါဘူး။

Photo sent by an RFA listener
RFA Burmese
https://www.facebook.com/rfaburmese
တရုတ်မှာ တိဘက်ဘုန်းကြီးတစ်ပါး ကိုယ့်ကိုယ်ကိုမီးရှို့ တရုတ်မှာ တိဘက်ဘုန်းကြီးတစ်ပါး ကိုယ့်ကိုယ်ကိုမီးရှို့ Reviewed by THITHTOOLWIN on 21:50 Rating: 5
Powered by Blogger.