စပါးခင်းတွေ ဧက သောင်းချီ ပျက်စီးမှာ စိုးရိမ်နေ

 မှည့်နေတွေ စပါးခင်းတွေ
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ရင့်မှည့်နေတဲ့ စပါးတွေကို အချိန်မှီ ရိတ်သိမ်းနိုင်ဖို့ အခက်အခဲ ရှိနေတဲ့ အတွက် စိုက်ခင်း ဧက သောင်းနဲ့ချီ ပျက်စီး သွားနိုင်တဲ့ အန္တရာယ်မျိုး ရှိနေတယ်လို့ ဒေသခံ အာဏာပိုင် တချို့က ပြောပါတယ်။

ဒေသတွင်း မတည်ငြိမ်မှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး သွားကြသူတွေရဲ့ စပါးခင်းတွေကို ရခိုင်ပြည်နယ် အစိုးရက စက်တွေနဲ့ ရိတ်သိမ်း ပေးနေပေမယ့် စပါးရိတ်စက်က နည်းပြီး လယ်ဧကတွေက များနေတာ ဖြစ်ပါတယ်။

မောင်တောတောင်ပိုင်း အလယ်သံကျော် ကျေးရွာဝန်းကျင်မှာ အစိုးရက စပါးရိတ်စက်တွေနဲ့ ရိတ်နေပေမယ့် မှည့်နေတွေ စပါးခင်းတွေ အများအပြား ဖြစ်နေတယ်လို့ အလယ်သံကျော် အုပ်ချုပ်ရေးမှူး ဦးဇော်ထူးက ပြောပါတယ်။

အချိန်မှီ မရိတ်သိမ်းနိုင်ရင် စပါးသီးတွေ ကြွေကျပြီး အားလုံး ဆုံးရှုံးနိုင်
ပိုင်ရှင် ဆက်လက် ရှိနေတဲ့ ရခိုင် တိုင်းရင်းသားပိုင် လယ်တွေ ဆိုရင်လည်း စပါးရိတ်မယ့် အလုပ်သမား လုံးဝ ရှာမရတဲ့ အတွက် ရိတ်သိမ်းတဲ့ အလုပ် မနိုင်မနင်း ဖြစ်နေရတယ် လို့ ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။

အခုလကုန် အမှီ မရိတ်သိမ်းနိုင်ရင် စပါးတွေ ပျက်စီးမယ့် အခြေအနေ ရှိနေတယ်လို့ စပါးခင်းတွေ ရှိရာ သွားရောက် ကြည့်ရှုခဲ့တဲ့ ရသေ့တောင်မြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဦးသန်းနိုင်က ဘီဘီစီကို ပြောပါတယ်။

မှည့်နေတဲ့ စပါးခင်းတွေကို အချိန်မှီ မရိတ်သိမ်းနိုင်ရင် စပါးသီးတွေ ကြွေကျသွားပြီး အားလုံး ဆုံးရှုံးသွားနိုင်တဲ့ အတွက် စက်ကိရယာ အင်အားကို ပိုမို အားဖြည့် ရိတ်သိမ်းပေးဖို့ လိုအပ် နေတယ်ဆိုတဲ့ ပြောဆိုသံတွေလည်း ရှိနေပါတယ်။

BBC Burmese
http://www.bbc.com/burmese
စပါးခင်းတွေ ဧက သောင်းချီ ပျက်စီးမှာ စိုးရိမ်နေ စပါးခင်းတွေ ဧက သောင်းချီ ပျက်စီးမှာ စိုးရိမ်နေ Reviewed by THITHTOOLWIN on 09:55 Rating: 5
Powered by Blogger.