မအူပင်​မြို့နယ်​မှာ၂​လောင်းပြိုင်​ ​လူသတ်​​ခေါင်းဖြတ်​မှု ဖြစ်​ပွား


ဧရာဝတီတိုင်းဒေသကြီး မအူပင်​မြို့နယ်​ တလုပ်​လပ်​အနာက်​​ကျေးရွာ အုပ်​စု၊ ၄မိုင်​ရွာအတွင်း ငါးကန်​​ဘောင်​၌ နိုဝင်ဘာလ ၂၄ ရက်နေ့ ညနေ ၆ နာရီအချိန်ခန့် တွင် အင်းနှင့်ဆက်​စပ်​သည့် ကန်​​စောင့် အလုပ်​သမား ၂ဦးနှင့် တဖက်​ငါးကန်​စောင့်တို့ အချင်းများပြီး ၂​လောင်းပြိုင်​ ​လူသတ်​​ခေါင်းဖြတ်​မှု ဖြစ်​ပွား ခဲ့ကြောင်း သိရပါသည်။


တဖက်ငါးကန်​မှ ကိုစိန်းညိုက အင်းလုပ်​ကွက်​မှ အလုပ်​သမား ကိုလင်းလင်း ၃၅နှစ်​ ၊ ကို​မောင်​ထူး ၄၀နှစ်​ခန့်​တို့အား ကိုင်းခုတ်​ဓားဖြင့် ခုတ်​သတ်​မှု ဖြစ်​ပွားခဲ့ခြင်း ဖြစ်သည်။

၂​လောင်းပြိုင်​၊ ​ခေါင်း​ ၂​ခေါင်း နှင့် အသုံးပြုသည့် ဓားတို့ကို ကိုက်​ ၃၀၀ ခန့်​​ဝေးသည့် ရွာတွင်းရှိ သခွားခင်းသို့ ဆာလာအိတ်​ဖြင့် ထည့်ထုတ်​ ထားရှိခဲ့သည်။

အခင်းဖြစ်​ရာသို့ မအူပင်​မြို့မစခန်းမှူး​ ဒု-ရဲမှူး ဝင်း​ဇော်​မိုး ခေါင်း​ဆောင်​​သော တပ်​ဖွဲ့ဝင်​များ နှင့်မအူပင်​ခရိုင်​ရဲတပ်​ဖွဲ့မှူးရုံး မှုခင်းနှိမ်​နင်း​ရေးအကူဌာနစုမှ တပ်​ဖွဲ့ဝင်​များ သွား​ရောက်​ရာတွင်​ တရားခံ ကိုစိန်းညို ၃၇နှစ်​က ၎င်း၏ ​နေအိမ်​၌ပင်​ ည ၁၀.၀၀အချိန်​ခန့်​ တွင် ​အေး​ဆေးတည်​ငြိမ်​စွာပင်​ အဖမ်းခံ​ကြောင်း သိရသည်​ ။

သတင်း - ဓါတ်ပုံ ။  ။ Kaung Myat (fb)
by သစ်ထူးလွင်
မအူပင်​မြို့နယ်​မှာ၂​လောင်းပြိုင်​ ​လူသတ်​​ခေါင်းဖြတ်​မှု ဖြစ်​ပွား မအူပင်​မြို့နယ်​မှာ၂​လောင်းပြိုင်​ ​လူသတ်​​ခေါင်းဖြတ်​မှု ဖြစ်​ပွား Reviewed by THITHTOOLWIN on 08:59 Rating: 5
Powered by Blogger.