ကျောက်ပန်းတောင်းမြို့တွင်​ ရှေးဟောင်းဘုရားခြေတော်ရာနှင့် ရုပ်ပွားတော်များ ​တွေ့ရှိ

မန္တ​လေးတိုင်း​ဒေသကြီး၊ ကျောက်ပန်းတောင်းမြို့ ဘူတာရပ်ကွက်ကြီးရှိ မြတ်​​ရွှေဂူ​စေတီ၏ အနောက်ဘက်ရင်ပြင်အောက်ခြေအား နိုဝင်​ဘာ ၁၈ ရက်​ကစတင်​၍ ချုံနွယ်​ပိတ်ပေါင်းများ ရှင်းလင်းရာ ရှေးဟောင်းစေတီပျက်ကြီး ​တွေ့ရပြီး ဆက်​လက်​တူး​ဖော်​ရှင်းလင်းရာမှ နိုဝင်​ဘာ ၁၉ ရက်​ ညနေပိုင်းတွင် ဘုရားခြေတော်ရာအကြီးနှင့်​ ဘုရားဆင်းတု​တော်​ အသေးနှစ်ဆူ၊ ရှေးခေတ်လူများ အသုံးပြုခဲ့သည့် သံချောင်းများ ​တွေ့ရှိရ​ကြောင်း ​ဂေါပကအဖွဲ့ထံက သိရသည်​။


"ဘုရားဝေယျဝစ္စလုပ်တဲ့ လူငယ်တွေ မနေ့က ဒီနေရာမှာ မြွေနှစ်ကောင် မိတ်လိုက်နေတာ မြင်လို့  ဘုရားဖူးလာသူတွေ အန္တရာယ်ပေးမှာစိုးလို မြွေလိုက်ဖမ်းတာ ချူံတွေ အပေါ်မှာ ပေါက်နေတဲ့ သစ်ပင်အောက် ဝင်သွားလို့  ချုံရှင်းရာမှ ရှေးဟောင်းစေတီပျက်ကြီး ဖြစ်နေတာ တွေ့ရတယ်။ ဒီ​နေ့ ဆက်​လက်​ရှင်းလင်းတူး​ဖော်​​တော့ ဘုရားခြေတော်ရာအကြီးနဲ့ ဘုရားဆင်းတု အသေးနှစ်ဆူ၊ ရှေးခေတ်လူများ အသုံးပြုခဲ့တဲ့ သံချောင်း​တွေ ထပ်​မံ​တွေ့ခဲ့တာပါ" ဟု ​ဂေါပကအဖွဲ့က ​ပြောကြားသည်​။


အဆိုပါ​တွေ့ရှိမှုများအား ရှေးဟောင်းသု​တေသနသို့ အကြောင်းကြားထားပြီး အနည်းဆုံး နှစ်ရာဂဏန်း အထက်ဖြစ်နိုင်ခြေရှိကြောင်း ဒေသခံများက သုံးသပ်​ကြသည်။

Pyae Sone Aung
The Mandalay News Journal
https://www.facebook.com/TheMandalayNewsJournal/
ကျောက်ပန်းတောင်းမြို့တွင်​ ရှေးဟောင်းဘုရားခြေတော်ရာနှင့် ရုပ်ပွားတော်များ ​တွေ့ရှိ ကျောက်ပန်းတောင်းမြို့တွင်​ ရှေးဟောင်းဘုရားခြေတော်ရာနှင့် ရုပ်ပွားတော်များ ​တွေ့ရှိ Reviewed by THITHTOOLWIN on 21:07 Rating: 5
Powered by Blogger.