အီရတ် နိုင်ငံ မြောက်ပိုင်း ဒေသတွင် အသေခံ ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပွား ခဲ့ရာ လူပေါင်း ၅ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိ

အီရတ် နိုင်ငံ မြောက်ပိုင်း Kirkuk မြို့ တွင် ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပွား ခဲ့သည့် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)
   ဘဂ္ဂဒက် ၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)

    နိုဝင်ဘာ ၅ ရက်နေ့၌ အီရတ် နိုင်ငံ မြောက်ပိုင်း Kirkuk မြို့တွင် အသေခံ ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွား ခဲ့ရာ လူပေါင်း ၅ ဦး သေဆုံးခဲ့ပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အီရတ် နိုင်ငံ ရဲတပ်ဖွဲ့ က ထုတ်ပြန်ကြေညာ ခဲ့သည်။

ရဲတပ်ဖွဲ့ဝင် တစ်ဦး က ဆင်ဟွာ သတင်းဌာန သို့ ပြောကြား ခဲ့ရာတွင် နိုဝင်ဘာ ၅ ရက်နေ့ ညနေပိုင်း အချိန်တွင် Kirkuk မြို့လယ်ပိုင်းတွင် အသေခံ ဗုံးခွဲတိုက်ခိုက်သူ နှစ်ဦး သည် ရှီးအိုက် အရပ်ဘက် လက်နက်ကိုင် အဖွဲ့အစည်း တည်ရှိရာ ဒေသများတွင် ခန္ဓာကိုယ် တွင် တပ်ဆင်ထားသည့် ဗုံးများကို ဖောက်ခွဲခဲ့ကြောင်း ၊ သေဆုံး ဒဏ်ရာရရှိသူ စာရင်းသည် ပိုမို မြင့်တက် လာနိုင်ကြောင်း သိရှိခဲ့ရသည်။

လက်ရှိချိန်ထိ အီရတ် နိုင်ငံ မြောက်ပိုင်း Kirkuk မြို့ တွင် ဖြစ်ပွား ခဲ့သည့် အသေခံ ဗုံးခွဲ တိုက်ခိုက်မှု နှင့် ပတ်သက်၍ မည်သည့် အဖွဲ့အစည်း ကမှ ပြုလုပ်ကြောင်း ကြေညာခြင်း မရှိဟု သိရှိရသည်။

(Xinhua)
http://www.xinhuamyanmar.com
အီရတ် နိုင်ငံ မြောက်ပိုင်း ဒေသတွင် အသေခံ ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပွား ခဲ့ရာ လူပေါင်း ၅ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိ အီရတ် နိုင်ငံ မြောက်ပိုင်း ဒေသတွင် အသေခံ ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပွား ခဲ့ရာ လူပေါင်း ၅ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိ Reviewed by THITHTOOLWIN on 19:03 Rating: 5
Powered by Blogger.