ဒေသဖံွ့ဖြိုးရေးလုပ်ငန်းတွေကို ကြည့်ရှုစစ်ဆေးဖို့ ဦးဝင်းမြင့် တိုက်တွန်း

ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်ကို တွေ့ရစဉ်။ Photo: Pyithu Hluttaw/ Facebook
လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ သက်ဆိုင်ရာ မဲဆန္ဒနယ်အလိုက် ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို လေ့လာကြည့်ရှု စစ်ဆေးဖို့ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်က ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။

ဒီနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ဂန့်ဂေါမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဒေါ်ယဉ်မင်းလှိုင် တင်သွင်းတဲ့ နိုင်ငံတ၀ှမ်းက အစိုးရရဲ့ တည်ဆောက်ရေးလုပ်ငန်းတွေကို Third Party စနစ် မှန်ကန်စွာကျင့်သုံးအကောင်အထည်ဖော်ဖို့ တိုက်တွန်းကြောင်းအဆိုကို ကိုယ်စားလှယ်တွေ ဆွေးနွေးအတည်ပြု ပြီးနောက် ဦးဝင်းမြင့်က တိုက်တွန်းလိုက်တာဖြစ်ပါတယ်။

စီမံကိန်းတွေအတွက် လွှတ်တော်က ဘတ်ဂျက်တွေ အတည်ပြုပေးပြီးနောက် အကောင်အထည်ဖော်တဲ့အခါ အရည်အသွေးမမီမှုတွေ ဖြစ်ပေါ်လာရင် လွှတ်တော်ကိုယ်စားလှယ်တွေမှာ တာဝန်ရှိကြောင်းလည်း သတိပေးခဲ့ပါတယ်။

ဒေါ်ယဉ်မင်းလှိုင်ရဲ့ အဆိုကို လွှတ်တော်ကိုယ်စားလှယ် ၁၆ ဦးနဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ရှင်းလင်းပြီးနောက် ကန့်ကွက်သူမရှိတဲ့အတွက် အတည်ပြုလိုက်တာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
ဒေသဖံွ့ဖြိုးရေးလုပ်ငန်းတွေကို ကြည့်ရှုစစ်ဆေးဖို့ ဦးဝင်းမြင့် တိုက်တွန်း ဒေသဖံွ့ဖြိုးရေးလုပ်ငန်းတွေကို ကြည့်ရှုစစ်ဆေးဖို့ ဦးဝင်းမြင့် တိုက်တွန်း Reviewed by THITHTOOLWIN on 20:12 Rating: 5
Powered by Blogger.