ပုပ်ရဟန်းမင်းကြီး၏ မြန်မာခရီးစဉ်အပေါ် မြန်မာကက်သလစ်ဂိုဏ်းချုပ် “ရင်တမမ” ဖြစ်နေဟုဆို


နိရဉ္စရာ၊ အောက်တိုဘာ ၃၁

မြန်မာနိုင်ငံ ဗရင်ဂျီ ကက်သလစ်ဂိုဏ်းချုပ် အနေဖြင့် ပုပ်ရဟန်းမင်းကြီးဖရန်စစ်၏ မြန်မာခရီးစဉ်နှင့် ပတ်သက်ပြီး ရင်တမမ ဖြစ်နေသည်ဟု AFP တွင် သတင်းဖော်ပြသည်။

ထိုသို့ ရင်တမမ ဖြစ်နေရခြင်းမှာ မြန်မာနိုင်ငံသားများမနှစ်မြို့သော ရိုဟင်ဂျာစကားလုံးကို ပုပ်ရဟန်းမင်းကြီးမှ သူ့၏ မြန်မာ ခရီးစဉ်အတွင်း သုံးစွဲပြောဆိုမိမည်ကို စိုးရိမ်သောကြောင်း ဖြစ်သည်ဟု သတင်းတွင် ဖော်ပြထားသည်။

ပုပ်ရဟန်းမင်းကြီးမှ မြန်မာလူမျိုးများ လက်မခံ ရွံ့ရှာမုန်းတီးသည့် ရိုဟင်ဂျာစကားလုံးကို သုံးစွဲပါက မြန်မာပြည်သူများ၏ ချက်ချင်းကန့်ကွက်မှုများပေါ်ပေါက်လာမည့် အပေါ် မြန်မာကက်သလစ်ဂိုဏ်းချုပ်မှ စိုးရိမ်နေကြောင်း သတင်းတွင် ဖော်ပြသည်။

ပုပ်ရဟန်းမင်းကြီးသည် နိုဝင်ဘာ ၂၇ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာမည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာကို မုန်းတီးမှု နှစ်နှင့် ချီ၍ ရှိနေပြီး ၎င်းစကားအသုံးအနှုန်းအပေါ် ဆန့်ကျင်ကန့်ကွက်မှုများ ပုံမှန်ရှိနေကာ အမျိုးသားရေးသမားများက ၎င်းတို့ကို ဘင်္ဂလာဒေ့ရှ်က ၀င်လာသည့် ဘင်္ဂလီများအဖြစ်သာ သတ်မှတ်ထားကြသည်ဟု သတင်းကဆိုသည်။

လွန်ခဲ့သော တနလာင်္နေ့က မြန်မာက ဘင်္ဂလီဟုခေါ်သော ရိုဟင်ဂျာများအတွက် ကိုယ်ချင်းစာကြောင်း ပုပ်ရဟန်းမင်းကြီးက ထုတ်ဖော်ပြောဆိုခဲ့သည့် အပေါ် စိုးရိမ်ကြောင်း၊ ၎င်းနာမည်ကို အတိအကျ သုံးစွဲပါက ပိုမို ပြဿနာတက်လာနိုင်ကြောင်း၊ သူ၏ ၎င်းစကားလုံး အပေါ် သုံးစွဲမှု အတွက် စိုးရိမ်မိကြောင်း ပြောခွင့်ရ ပုဂ္ဂိုလ် ဖာသာ မာရီယာနို စောနိုင်က ပြောကြောင်း သတင်းတွင် ဖော်ပြထားသည်။

Ref: Myanmar Bishops ‘nervous’ about Rohingya issue
Narinjara
https://www.facebook.com/Narinjara
ပုပ်ရဟန်းမင်းကြီး၏ မြန်မာခရီးစဉ်အပေါ် မြန်မာကက်သလစ်ဂိုဏ်းချုပ် “ရင်တမမ” ဖြစ်နေဟုဆို ပုပ်ရဟန်းမင်းကြီး၏ မြန်မာခရီးစဉ်အပေါ် မြန်မာကက်သလစ်ဂိုဏ်းချုပ် “ရင်တမမ” ဖြစ်နေဟုဆို Reviewed by THITHTOOLWIN on 09:27 Rating: 5
Powered by Blogger.