Irma ဟာရီကိန်း မုန်တိုင်းအဆင့် ၄ ဖလော်ရီဒါကမ်းရိုးတန်း ၀င်ရောက်

Irma ဟာရီကိန်း မုန်တိုင်းအဆင့် ၄ ဖလော်ရီဒါကမ်းရိုးတန်း ၀င်ရောက်
အမေရိကန် ပြည်ထောင်စု ဖလော်ရီဒါ ပြည်နယ် Key West ကို ဟာရီကိန်း အာမာ မကြာခင်ကဘဲ စတင် ၀င်ရောက် တိုက်ခတ်နေပြီ ဖြစ်ပါတယ်။ မုန်တိုင်း အဆင့် ၄ ရှိတဲ့ ဟာရီကန်း အာမာက တနာရီကို လေတိုက်နှုန်း ကီလိုမီတာ ၂၁၀ နီးပါးနဲ့ ၀င်ရောက်တိုက်ခတ်နေပြီး ရာစုနှစ် တခု အတွင်း ပြင်းထန်တဲ့ ဟာရီကိန်း မုန်တိုင်းတွေနဲ့ မကြုံခဲ့ရတဲ့ ဖလော်ရီဒါ ပြည်နယ်တွင်းက ဒေသတချို့မှာတော့ အပျက်အစီးတွေ ရှိလာမယ်လို့လည်း ခန့်မှန်းထားကြပါတယ်။

 အစောပိုင်း ခန့်မှန်းချက်တွေမှာ ဖလော်ရီဒါ အရှေ့ပိုင်း မိုင်ယာမီမြို့မှာ မုန်တိုင်းဒဏ်ခံရမယ်လို့ ခန့်မှန်းခဲ့ကြပေမယ့် အခုတော့ မုန်တိုင်းက ပြည်နယ် အနောက်ဘက်ပိုင်းကို လမ်းကြောင်း ပြောင်းလာပြီး အခုတော့ St.Petersburg ဘက်ကို ဦးတည်လာပါတယ်။ မုန်တိုင်းက လမ်းကြောင်းပြောင်းပြီး အနောက်ဘက်ကို ဦးတည်လာတဲ့ အချိန်မှာဘဲ အရင်ကတော့ မုန်တိုင်း အဖျားလောက်ဘဲ ခတ်မယ်လို့ မှန်းခဲ့ကြတဲ့ Tampa မြို့က ဒေသခံတွေ အခုတော့ ခိုလှုံရေး စခန်းတွေကို ပြောင်းရွှေ့လာနေကြပါတယ်။

 Tampa မြို့ဟာဆိုရင် ဟာရီကိန်း မုန်တိုင်းဒဏ်ကို တိုက်ခိုက် မခံစားခဲ့ရတာ နှစ်ပေါင်း ၁၀၀ နီးပါး ရှိခဲ့ပါပြီ။ ဖလော်ရီဒါ အုပ်ချုပ်ရေးမှူး ကတော့ ပြည်နယ် အရေးပေါ် အခြေအနေ ကြေညာထားတဲ့ အကြောင်းနဲ့ ဒေသခံတွေကို ဘေးလွတ်ရာ ဇုန်တွေကို ပြောင်းရွှေ့ကြဖို့ မနေ့ စနေနေ့က ဆော်သြနေတာပါ။ ပြည်နယ်တွင်းက အရေးပေါ် ခိုလှုံရေး စခန်း ၄၀၀ လောက်မှာလည်း လူပေါင်း ၇ သောင်းခွဲကျော်လောက် ရောက်ရှိနေကြပါပြီ။ အိမ်ထောင်စုပေါင်း ၇ သောင်း ၆ ထောင်ကျော်တို့မှာ လျှပ်စစ်မီး ပြတ်တောက်သွားပါပြီ။ မနေ့ စနေနေ့က အမေရိကန် သမ္မတ Donald Trump နဲ့ အစိုးရ အဖွဲ့တို့ မနေ့က ဟာရီကိန်း အာမာ အရေး တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

 မုန်တိုင်းလမ်းကြောင်းမှာ ရှိနေကြသူတွေ ညွန်ကြားချက်တွေ အတိုင်းလိုက်နာ လုပ်ဆောင်ကြဖို့ကိုလည်း သမ္မတက ပြောဆိုထားပါတယ်။ဖလော်ရီဒါ ပြည်နယ် လူဦးရေရဲ့ လေးပုံတပုံကျော်ရှိတဲ့ လူဦးရေ ၅ ဒသမ ၆ သန်းကို မုန်တိုင်းမလာခင် ဘေးလွတ်ရာ ရွှေ့ပြောင်းကြဖို့ ညွှန်ကြားထားတာပါ။ နောက် ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ လိုလာရင် ချက်ချင်း ပြောင်းနိုင်အောင် ပြင်ဆင်ထားကြဖို့ကိုလည်း ဖလော်ရီဒါ အုပ်ချုပ်ရေးမှူး က တိုက်တွန်းထားပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
https://burmese.voanews.com
Irma ဟာရီကိန်း မုန်တိုင်းအဆင့် ၄ ဖလော်ရီဒါကမ်းရိုးတန်း ၀င်ရောက် Irma ဟာရီကိန်း မုန်တိုင်းအဆင့် ၄ ဖလော်ရီဒါကမ်းရိုးတန်း ၀င်ရောက် Reviewed by THITHTOOLWIN on 19:36 Rating: 5
Powered by Blogger.