မိုင်းဖြတ်မြို့နယ်၌ မိုးသည်းထန်စွာ အဆက်မပျက် ရွာသွန်းမှုကြောင့် တောင်ကမ်းပါးယံများ ပြိုကျ၍ ကွန်ကရစ် တံတား တစ်စီး မြေကျွံမှုဖြစ်ပွား


မိုင်းဖြတ် ၊ စက်တင်ဘာ ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဖြတ်မြို့နယ်တွင် စက်တင်ဘာလ ၁ရက် နံနက်အစောပိုင်း ၁နာရီ ၃၀ မိနစ်မှစ၍ မိုးသည်းထန်စွာ အဆက်မပျက် ရွာသွန်းမှုကြောင့် မိုင်းဖြတ်-ကျိုင်းတုံ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ မိုင်တိုင်အမှတ် ၇၁၁/၃၁၄ ကြားတွင် တောင်ကမ်ပါးယံပြိုကျမှုများ ၄နေရာခန့် ဖြစ်ပွားပြီး ၇၁၁ ကီလိုမီတာ အနီးတွင် လမ်းပိတ်ဆို့မှု ခေတ္တဖြစ်ပွားခဲ့ကြောင်း သိရသည်။


ခရီးသွားလာခြင်း ကြန့်ကြာမှုမရှိစေရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင်နှင့် တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်လွင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်လမ်းဦးစီးဌာနမှ လမ်းဦးစီးမှူး ဦးတင်မိုးနှင့်ဝန်ထမ်းများ၊ အမှတ်(၅၇၀)တပ်ရင်းမှ တပ်မတော်သားများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းနေလှိုင်နှင့် တပ်ဖွဲ့ ဝင်များ၊ စုစုပေါင်း အင်အား(၇၀)ဦးခန့်က စက်ယန္တရားများဖြင့် ဝိုင်းဝန်း ရှင်းလင်း ဖယ်ရှားကြပြီး နံနက် ၈နာရီ ၃၀ မိနစ် တွင် ခရီးသွားယာဉ်များ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ နံနက် ၉နာရီ ၄၅မိနစ်ခန့်တွင် မိုင်းဖြတ်-ကျိုင်းတုံသွား ပြည်ထောင်စုလမ်းမပေါ်တွင် အရှည် ၃၀ပေ၊ အကျယ်၃၄ပေရှိ ကွန်ကရစ်တံတားမှာ လမ်းကျွံမှုဖြစ်ပွားပြီး ခရီးသွားယာဉ်များ သွားလာနိုင်မှု မရှိဘဲ လမ်းပိတ်ဆို့မှု ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။ ကွန်ကရစ်တံတားလမ်းကျွံမှုကြောင့် ခရီးသွားယာဉ်များ သွားလာနိုင်ရေး အတွက် မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ လမ်းဦးစီးဌာနမှ ဦးတင်မိုးနှင့် ဝန်ထမ်းများက စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
မိုင်းဖြတ်မြို့နယ်၌ မိုးသည်းထန်စွာ အဆက်မပျက် ရွာသွန်းမှုကြောင့် တောင်ကမ်းပါးယံများ ပြိုကျ၍ ကွန်ကရစ် တံတား တစ်စီး မြေကျွံမှုဖြစ်ပွား  မိုင်းဖြတ်မြို့နယ်၌ မိုးသည်းထန်စွာ အဆက်မပျက် ရွာသွန်းမှုကြောင့် တောင်ကမ်းပါးယံများ ပြိုကျ၍ ကွန်ကရစ် တံတား တစ်စီး မြေကျွံမှုဖြစ်ပွား Reviewed by THITHTOOLWIN on 17:56 Rating: 5
Powered by Blogger.