ရန်ကုန်လေဆိပ်မှာ ရူပီးငွေ (၅၂)သိန်း ဖမ်းမိ


ရန်ကုန်၊ စက်တင်ဘာ ၁၆

စက်တင်ဘာ ၁၅ ရက်နေ့ ည ၉ နာရီအချိန်တွင် ရန်ကုန်လေဆိပ်မှ ထိုင်းနိုင်ငံ ဒွန်းမောင်းလေဆိပ်သို့ Thai Lion လေကြောင်းခရီးစဉ်အမှတ် SL 207 ဖြင့် လိုက်ပါမည့် မြန်မာနိုင်ငံသားခရီးသည် ခရီးသည်ထံမှ အိန္ဒိယနိုင်ငံသုံး ရူပီးငွေများနှင့် ထိုင်းနိုင်ငံသုံး ဘတ်ငွေများ သိမ်းဆည်းရမိ ကြောင်း သိရပါတယ်။

 ပုဇွန်တောင်မြို့နယ်၊ (၂)ရပ်ကွက်နေ လာလူး(ခ)ထွန်းအောင်၊ (၃၇)နှစ်အား ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ် Terminal-1 ပြည်ပထွက်ခွာအတွင်း Main X-Ray စက်တွင် ၎င်း၏ခရီးဆောင်အိတ်(၂)လုံးအား X-Ray စက်ဖြတ်သန်းစဉ် ငွေစက္ကူပုံရိပ်များ တွေ့ရှိရသဖြင့် လေဆိပ်အကောက်ခွန်အဖွဲ့ပါ ပူးပေါင်း အဖွဲ့တို့မှ စစ်ဆေးရာမှာ ရူပီးနှင့် ဘတ်ငွေတွေ သိမ်းဆည်းမိတာ ဖြစ်ပါတယ်။

 အဆိုပါ ခရီးသည် လာလူး(ခ) ထွန်းအောင်ကို လေကြောင်း ရဲတပ်ဖွဲ့ခွဲ၊ ခွဲ(၁)ရုံးသို့ခေါ်ဆောင်၍ ခရီးဆောင်အိတ်(၂)လုံးအား ဖွင့်ဖောက် စစ်ဆေးခဲ့ရာ အိတ်အတွင်းမှ အိန္ဒိယနိုင်ငံသုံးရူပီးငွေ ၂၀၀၀တန်၊ (၁၀၀)ပါ အထုပ် (၂၆)ထုပ် စုစုပေါင်းရူပီးငွေ (၅၂)သိန်း၊ ကာလပေါက်ဈေး
၁၀၉,၂၀၀,၀၀၀ကျပ်နှင့် ထိုင်းနိုင်ငံသုံးဘတ်ငွေ ၁၀၀၀တန်၊ (၁၄)ရွက်၊ စုစုပေါင်းဘတ်ငွေ ၁၄၀၀၀ဘတ် ၊ ကာလပေါက်ဈေး ၅၄၆,၀၀၀ကျပ်တို့အား ရှာဖွေတွေ့ရှိသိမ်းဆည်းရမိ ခဲ့ပါတယ်။

ယင်းသို့ ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့သဖြင့် လာလူး(ခ)ထွန်းအောင်အား ဆက်လက် စစ်ဆေးဆောင်ရွက် လျက်ရှိပြီး ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

သစ်ထူးလွင်

ရန်ကုန်လေဆိပ်မှာ ရူပီးငွေ (၅၂)သိန်း ဖမ်းမိ ရန်ကုန်လေဆိပ်မှာ ရူပီးငွေ (၅၂)သိန်း ဖမ်းမိ Reviewed by THITHTOOLWIN on 19:00 Rating: 5
Powered by Blogger.