ဦးကိုနီအား သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံမှု (၂၃)ကြိမ်မြောက် ရုံးထုတ်၊ တရားလိုပြသက်သေ ၃၃ ဦးထိ စစ်ဆေးပြီးဖြစ်


ရန်ကုန် စက်တင်ဘာ ၈

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် တရားလွှတ်တော်ရှေ့နေ ဦးကိုနီအား သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံမှုနှင့်ပတ် သက်ပြီး သေနတ်သမား ကြည်လင်းနှင့် ပါဝင်ပတ်သက်သူ အောင်ဝင်းဇော်၊ ဇေယျာဖြိုး၊ အောင်ဝင်းထွန်းတို့ကို မြောက်ပိုင်းခရိုင်အထူးတရားခုံရုံးသို့ (၂၃)ကြိမ်မြောက်ရုံးထုတ်ခဲ့ပြီး တရား လိုပြသက်သေ သုံးဦးကို ယနေ့နံနက် ၁ဝ နာရီတွင် စစ်ဆေးမှုပြုလုပ်ခဲ့သည်။

ရန်ကုန်မြောက်ပိုင်းခရိုင် ဒုတိယ ခရိုင်တရားသူကြီး သတင်းနှင့် ပြန်ကြား ရေးတာဝန်ခံအရာရှိ ဦးရဲလွင်က ''ကျွန်တော်တို့ အထူးတရားရုံး ရာဇဝတ် ကြီးအမှုအမှတ် (၄၅/၂ဝ၁၇)တရားလို ရဲအုပ်မိုးနိုင်၊ တရားခံကြည်လင်း(ခ)ဖိုးထူး ပါ လေးဦးကို ရာဇသတ်ကြီးပုဒ်မ ၃ဝ၂/ ၃၄/၂၁၂ အမှုကနေ တရားလိုပြ သက်သေဦးကျော်တင့်၊ ဦးသန်းရွှေ၊ ဦးဇော်မင်းဦးတို့ သုံးဦးကို စစ်ဆေးပါ တယ်။ သုံးဦးအနက် ဦးဇော်မင်းဦးသည် အောင်ဝင်းဇော်၊ အောင်ဝင်းခိုင်တို့နှင့် ညီအစ်ကိုဝမ်းကွဲတော်စပ်သူဖြစ်ပါတယ်၊ ဦးဇော်မင်းဦးရဲ့ သက်သေထွက်ဆိုချက်ကို ဥပဒေအရာရှိက တိုက်ဆိုင်စစ်ဆေးခဲ့ပါ တယ်။ ရဲစခန်းထွက်ဆိုချက်နဲ့ ဒီနေ့ တရားရုံးရှေ့ ထွက်ဆိုချက်တို့က ကွဲလွဲ နေပါတယ်၊ အဲဒီအတွက် နှစ်ဖက်စစ်ဆေး မေးမြန်းတဲ့အခါ ယုံကြည်ထိုက်၊ မယုံ ကြည်ထိုက်တန်ဖိုးကို အငြင်းပွားတာရှိပါ တယ်။ အခုအချိန်ထိ တရားလိုပြသက်သေ ၃၃ ဦး စစ်ဆေးပြီးဖြစ်ပါတယ်'' ဟု ပြော ကြားသည်။

 မျိုးမင်းသိမ်း(မရမ်းကုန်း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ဦးကိုနီအား သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံမှု (၂၃)ကြိမ်မြောက် ရုံးထုတ်၊ တရားလိုပြသက်သေ ၃၃ ဦးထိ စစ်ဆေးပြီးဖြစ် ဦးကိုနီအား သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံမှု (၂၃)ကြိမ်မြောက် ရုံးထုတ်၊ တရားလိုပြသက်သေ ၃၃ ဦးထိ စစ်ဆေးပြီးဖြစ် Reviewed by THITHTOOLWIN on 09:29 Rating: 5
Powered by Blogger.