ရိုးမြောင်းတွင်းထိုးကျ ယာဉ် ကားတံခါးများ ဖွင့်မရဘဲ လူ ၄ ဦး ရေနစ်သေဆုံး

အရှိန်လွန်ယာဉ် ရိုးမြောင်းတွင်းထိုးကြ၍ လူလေးဦးသေဆုံး
ဝေါ သြဂုတ် (၂၇)

ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် အဗျားဘိုတဲကျေးရွာပိုင် ရန်ကုန် - မော်လမြိုင် ကားလမ်းမကြီးမိုင်တိုင်အမှတ် (၇၇/၅ နှင့်၇၇/၆)ကြားတွင် သြဂုတ်လ ၂၇ ရက်နေ့ ညနေ (၄)နာရီကျော်အချိန်ခန့် က ကားတစ်စီးရိုးမြောင်းထဲသို့ ထိုးကျကာ လူ (၄) ဦး သေဆုံးသွားကြောင်း သတင်းရ ရှိသည်။

ဖြစ်စဉ်မှာ ကျိုက်ထိုဘက်မှ ရန်ကုန်ဘက်သို့  ယာဉ်မောင်းဇော်လင်း သင်္ဃန်းကျွန်းမြို့နေသူမောင်းနှင်လာသော ယာဉ်နံပါတ်ပြား YGN .6G/3000 PROBOX အမျိုးအစားအဖြူရောင်ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်ခြမ်းရှိ အကျယ် ပေ (၂၀) အနက် (၁၀) ပေခန့် ရှိ ရိုးချောင်းထဲသို့  ထိုးကျတိမ်းမှောက်နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း မြို့မရဲစခန်း၏ ရဲမှတ်တမ်းများအရ သိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါလာသူ သင်္ဃန်းကျွန်းမြို့နေသူ ယာဉ်မောင်းဇော်လင်း ၊ ယာဉ်ပေါ်ပါသူ ဒေါ်သန်းအေး ၊ မယမင်းသူ နှင့် ခုနှစ်တန်းကျောင်းသား ကောင်းဆက်မင်းထွန်းဆိုသူ(၄) ဦးမှာ အခင်းဖြစ်နေရာတွင် ကားတံခါးများ ဖွင့်မရဘဲ ရေနစ်သေဆုံးခဲ့ကြောင်း ယာဉ်ပေါ်ပါ ကိုမင်းမင်းထွန်းဆိုသူမှာ ယာလက်ဖျံပေါက်ပြဲဒဏ်ရာများရ ရှိခဲ့ပြီး အတွင်းလူနာအဖြစ်ဆေးဝါးကုသမှု ခံယူနေကြောင်း သိရသည် ။


၎င်းယာဉ်တိမ်းမှောက်လူသေဆုံးမှုအား ဝေါမြို့မရဲစခန်းမှ ယာဉ် (ပ)၄၁/၂၀၁၇ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၄ -က /၃၃၈ ဖြင့် ယာဉ်မောင်းဇော်လင်းအား အမှုဖွင့် အရေးယူ ထားကြောင်းဆက်လက်သိရှိရသည်။

ဓါတ်ပုံ - Bo Win
Waw Media
https://www.facebook.com/reporter.wawmedia/
ရိုးမြောင်းတွင်းထိုးကျ ယာဉ် ကားတံခါးများ ဖွင့်မရဘဲ လူ ၄ ဦး ရေနစ်သေဆုံး ရိုးမြောင်းတွင်းထိုးကျ ယာဉ် ကားတံခါးများ ဖွင့်မရဘဲ လူ ၄ ဦး ရေနစ်သေဆုံး Reviewed by THITHTOOLWIN on 09:01 Rating: 5
Powered by Blogger.