အိန္ဒိယဘက်ခြမ်းနယ်စပ်မှ ကွမ်းသီးဝယ်ယူမှု ရပ်ဆိုင်းလိုက်၍ ရိနယ်စပ်၌ မြန်မာကုန်သည်များအခက်ကြုံ


ရိခေါဒါရ် သြဂုတ် ၂၁

ချင်းပြည်နယ် ရိနယ်စပ်ကုန်သွယ်ရေးသည် အရောင်းအ၀ယ်ကောင်း မွန်ခဲ့သော်လည်းဇူလိုင်လ ကုန်ပိုင်းမှအစပြု၍ မြန်မာ- အိန္ဒိယနယ်စပ်ဂိတ်ပေါက်များမှတစ်ဆင့်အိန္ဒိယနိုင်ငံဘက်မှ ပိတ်ပင်မှုများရှိ သည့်အတွက် ကွမ်းသီးတင်ပို့ မှုမှာယခုအခါ ရပ်ဆိုင်းလိုက်သဖြင့် အရောင်းအ၀ယ်လုပ်ကိုင်နေသည့်မြန်မာကွမ်းသီးကုန်သည်များ အခက်ကြုံနေကြောင်း သိရသည်။

ချင်းပြည်နယ် ရိခေါဒါရ်မြို့ နှင့် အိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ်
ဇိုခေါထာကျေးရွာအကြားရှိ နယ်စပ်ဂိတ် ပေါက်မှတင်ပို့ သော ကွမ်းသီးများကိုအိန္ဒိယနိုင်ငံအစိုးရက အခွန်စည်းကြပ်ရန်ပြုလုပ်ခဲ့၍ မီဇိုရမ်ပြည်နယ်အတွင်းရောက်ရှိနေသောမြန်မာ့ကွမ်းသီးများသည် အိန္ဒိယနိုင်ငံပြည်မအတွင်းသို့ထပ်မံသယ်ယူ၍မရတော့ ကြောင်း၊ ထို့ ပြင် မီဇိုရမ်ပြည်နယ်အတွင်းရှိဂိုဒေါင်များတွင် ကွမ်းသီးများပြည့်လျှံသွား သည့်အခါတွင် ရိခေါ ဒါရ်မြို့သို့ ရောက်ရှိသည့်ကွမ်းသီးများ ကို ထပ်မံတင်ပို့ ၍ မရတော့ဘဲအိန္ဒိယနိုင်ငံသို့ တင်ပို့ မည့်ကွမ်းသီး များသည် ရိခေါဒါရ်မြို့ တွင်ပိတ်မိနေသည်မှာ နှစ်လနီးပါးခန့် ကြာမြင့်ပြီဖြစ်ကြောင်း
ရိခေါဒါရ်နယ်စပ်မှ ကွမ်း သီးကုန်သည်များက ပြောဆိုသည်။

“ တမူးနယ်စပ်မှာလည်း ကွမ်းသီးတွေတင်ပို့ ရောင်းချလို့ မရတော့တဲ့အတွက်တမူး- ကလေး- ရိ ခရီးစဉ်အတိုင်းနောက်ကြောင်းပြန်သယ်ပို့ ရပါတယ်။ ဒါပေမယ့်
တမူးနဲ့ ရိနယ်စပ်နှစ်ခုစလုံးမှာ ကွမ်းသီး ၀ယ်ယူမှုရပ်ဆိုင်းသွားတဲ့ အတွက်ကြောင့် ကျွန်တော်တို့ ဘက်ခြမ်းမှာရှိတာရောမီဇိုရမ်ဘက်ခြမ်းမှာ သောင် တင်နေတာရော လမ်းမှာပုံထားရတာတွေအများကြီးပါပဲ။ အရင်ရောင်းထားတဲ့ကွမ်းသီးဖိုးငွေတွေလည်းဆုံးရှုံးရမယ့်အနေအထားမျိုးဖြစ်နေပါတယ် ” ဟု ကွမ်းသီးကုန်သည်တစ်ဦးကပြောသည်။

မြန်မာဘက်မှကွမ်းသီးရောင်းဝယ်သူများသည် တစ်ဖက်နိုင်ငံအလုပ်သမားခများ၊အခွန်စည်းကြပ်မှုများ၊ မြန်မာဘက်မှ လမ်းခရီးကုန်ကျစရိတ်နှင့် ကုန်တန်ဆာခပေးဆောင်ရမှု
များပြားလာကြောင်း၊ ယခင်ကာလများက မြန်မာဘက်မှ ကွမ်းသီးတင်ပို
့ရောင်းချမှုကို အခွန်ကောက်ခံမှုမရှိခဲ့သော်လည်း
ယခုအခါအိန္ဒိယနိုင်ငံအတွင်းသို့ဝင်ရောက်သည့်ကွမ်းသီးများကို အိန္ဒိယ နိုင်ငံအစိုးရက ၄၀ ရာခိုင်နှုန်းအထိအခွန်ကောက်ခံလိုက်သည့်အတွက် ကွမ်းသီးကုန်သည်များ အရူံးပေါ် ကြောင်းရိနယ်စပ်ကုန်သည်များအသင်းမှ ကွမ်းသီးကုန်သည်တစ်ဦးက ပြောဆိုသည်။

နယ်စပ်ကုန်သွယ်ရေးစခန်းမှထုတ်ပြန်သည့်စာရင်းဇယားများအရ ရိနယ်စပ်မှတစ်ဖက်နိုင်ငံသို့  ကွမ်းသီးတင်ပို့ ရောင်းချမှုမှာ ၂၀၁၄- ၂၀၁၅ ခုနှစ်တွင်တန်ချိန် ၈၄၅၂ ဒသမ ၂၁၀ တန် အမေရိကန်ဒေါ် လာ ၇ ဒသမ ၇၀၆သန်းဖိုးကိုလည်းကောင်း၊ ၂၀၁၅- ၂၀၁၆ ခုနှစ်တွင် တန်ချိန် ၂၀၃၇၉ ဒသမ ၇၁၀တန် အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၇၈၄ သန်းဖိုးကိုလည်းကောင်း၊ ၂၀၁၆- ၂၀၁၇ခုနှစ်တွင် တန်ချိန် ၂၁၄၉၂ ဒသမ ၃၉၀ တန် အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၈၄၃သန်းဖိုးကိုလည်းကောင်း အိန္ဒိယနိုင်ငံသို့ တင်ပို့ ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

နေစု(ချင်းရိုးမ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
အိန္ဒိယဘက်ခြမ်းနယ်စပ်မှ ကွမ်းသီးဝယ်ယူမှု ရပ်ဆိုင်းလိုက်၍ ရိနယ်စပ်၌ မြန်မာကုန်သည်များအခက်ကြုံ အိန္ဒိယဘက်ခြမ်းနယ်စပ်မှ ကွမ်းသီးဝယ်ယူမှု ရပ်ဆိုင်းလိုက်၍ ရိနယ်စပ်၌ မြန်မာကုန်သည်များအခက်ကြုံ Reviewed by THITHTOOLWIN on 18:20 Rating: 5
Powered by Blogger.