ကျောက်စိမ်းဆိုဒ်စုံ အလေးချိန် (၁၄၂၁) ပိဿာခန့် ဖမ်းဆီးရမိ


မိုးကောင်း| သြဂုတ်- ၆

မိုးကောင်းမြို့နယ် နမ္မတီးမြို့နှင့်မရမ်းကြား တွင် သြဂုတ်(၅) ရက် ည(၆)နာရီခွဲခန့်တွင် ကျောက်စိမ်းဆိုဒ်စုံ (၁၄၂၁)ပိဿာခန့် နမ္မတီးရဲစခန်းမှ သတင်းအရ ဖမ်းဆီးရမိကြောင်းသိရသည်။

၎င်းတို့ကို ဆာလာအိပ်အဖြူရောင်နှင့်အဝါ ရောင်အိတ်(၁၀၄)အိတ်ဖြင့်ထည့်ပြီး KSR ----- နံပါတ်ပါ Dong Feng (၆)ဘီးကား ဖြင့် တင်ဆောင်လာကြောင်းသိရသည်။ ရေအေးချောင်းတံတားစစ်ဆေးရေးဂိတ် တာဝန်ထမ်းဆောင်နေစဉ် စစ်ဆေးရာ အဆိုပါကားသည် မရပ်ပဲဆက်လက်မောင်း ပြေးသဖြင့် လိုက်လံဖမ်းဆီးရမိကြောင်း သိရသည်။

အဆိုပါကားကို မောင်းနှင်လာသူ မောင်မောင်မြင့်(၄၈)နှစ်အား နမ္မတီးရဲစခန်းမှ အရေးယူ ဆောင်ရွက်ထားကြောင်းသိရ သည်။

သန်းလွင်ဦး| ဓါတ်ပုံ-၂ (ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ကျောက်စိမ်းဆိုဒ်စုံ အလေးချိန် (၁၄၂၁) ပိဿာခန့် ဖမ်းဆီးရမိ ကျောက်စိမ်းဆိုဒ်စုံ အလေးချိန် (၁၄၂၁) ပိဿာခန့် ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 08:48 Rating: 5
Powered by Blogger.