၂၀၃၀ မှာ တစ်နိုင်ငံလုံး လျှပ်စစ်မီးရနိုင်အောင် ဆောင်ရွက်နေ

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် မြေတိုင်ကန်ကျေးရွာမှာ သြဂုတ်လ ၇ ရက်နေ့က ကျင်းပတဲ့ ကျေးလက်ငြိမ်းချမ်းရေးစကားဝိုင်း မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်။ Photo: Hset Paing Toe/ RFA
လာမယ့် ၂၀၃၀ ခုနှစ်မှာ တစ်နိုင်ငံလုံးမှာ လျှပ်စစ်မီးရရှိအောင် ပညာရှင်တွေနဲ့ စီမံကိန်းချပြီး အကောင် အထည်ဖော်နေတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက်ပါတယ်။

ဒီကနေ့ မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် မြေတိုင်ကန်ကျေးရွာမှာ ကျေးလက်ငြိမ်းချမ်းရေး စကားဝိုင်းရဲ့ အဖွင့်မိန့်ခွန်းပြောရာမှာ လျှပ်စစ်မီးရရှိရေးအတွက် အစိုးရအဖွဲ့က လုပ်ဆောင်နေတာနဲ့ ပတ်သက်ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က အခုလို ပြောကြားခဲ့တာပါ။

လက်ရှိတစ်နိုင်ငံလုံးမှာ လျှပ်စစ်မီးကို ၃၈.၅ ရာခိုင်နှုန်းလောက်ကသာ သုံးစွဲနိုင်သေးတာမို့ လူနည်းစု ကပဲ လျှပ်စစ်မီးရဲ့အကျိုးကို ခံစားခွင့်ရနေသေးတယ် လို့ပြောပါတယ်။

ဒါ့အပြင် နိုင်ငံတစ်နိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်ဖို့အတွက်လျှပ်စစ်မီးဟာအရေးကြီးသလို ငြိမ်းချမ်းရေး ဟာလည်း တန်းတူအရေးကြီးတယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။

ဒီကနေ့ စကားဝိုင်းမှာ မြေတိုင်ကန်ရွာက ဒေသခံ ၈ ဦးနဲ့ စကားဝိုင်းဖွဲ့ပြောကြားရာမှာ ဒေသခံတွေက သူတို့အခက်အခဲတွေကို တင်ပြဆွေးနွေး ကြရင်း ဒေါ်အောင်ဆန်းစုကြည်ဖက်ကလည်း တစ်ဦးချင်းစီ ကို ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ပြည်သူတွေအားလုံးပါဝင်လာနိုင်ရေးကို အဓိကထား ပြီး ပြန်လည်ဆွေးနွေးခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese
၂၀၃၀ မှာ တစ်နိုင်ငံလုံး လျှပ်စစ်မီးရနိုင်အောင် ဆောင်ရွက်နေ ၂၀၃၀ မှာ တစ်နိုင်ငံလုံး လျှပ်စစ်မီးရနိုင်အောင် ဆောင်ရွက်နေ Reviewed by THITHTOOLWIN on 17:31 Rating: 5
Powered by Blogger.