စလင်းတွင်​ သက်​ငယ်​မုဒိန်းမှု ကျူးလွန်​သူ အလုပ်​နှင့်​ ​ထောင်​ဒဏ်​ ၂၅ နှစ်​ ကျ


မ​ကွေးတိုင်း​ဒေသကြီး စလင်းမြို့တွင်​ အရွယ်​မ​ရောက်​​သေးသည့်​ အမျိုးသမီးငယ်​ကို မုဒိန်းမှု ကျူးလွန်​သူအား သြဂုတ်​လ ၇ ရက်​​နေ့ တွင်​ အလုပ်​နှင့်​ ​ထောင်​ဒဏ်​ ၂၅ နှစ်​ကျခံ​စေရန်​ မင်းဘူးခရိုင်​တရားသူကြီးရုံးက အမိန့်​ချမှတ်​ခဲ့သည်

အမှု့ ဖြစ်​စဉ်​မှာ ၂၀၁၆ နိုဝင်​ဘာလ ၃ ရက်​​နေ့တွင်​ စလင်းမြို့ ​ပေါင်းနားရပ်​ မှ မစုစုညိမ်း အသက်​ ၁၅ နှစ်​အား ​ကျောက်​စစ်​ရွာ​နေ လှသိန်း​မောင်​ ၂၃ နှစ်​(အိမ်​​ထောင်​သည်​) က ဖျား​ယောင်း​သွေး​ဆောင်​ပြီး သားမယားအဖြစ် ​ပြုကျင့်​ရာ မစုစုညိမ်း ၏ အုပ်​ထိန်းသူက စလင်းမြို့မရဲစခန်းသို့  တိုင်​ကြားသဖြင့်မြို့မစခန်းမှူးဒုရဲမှူးဝင်းနိုင်​က ပြစ်​မှု ကြီး ၃၇၆ နှင့်​ ပ ၃၆၃ တို့ဖြင့်​အမှု ဖွင့်​တရားစွဲဆိုခဲ့သည်​ ။

၂၀၁၇ သြဂုတ်​လ ၇ ရက်​​နေ့တွင်​ မင်းဘူးခရိုင်​တရားရုံးမှ ခရိုင်​တရားသူကြီး ဦး​ဇော်​ညွန့်​​ဌေးက ပြစ်​မှု ကျူးလွန်​သူ လှသိန်း​မောင်​အား ပ ၃၇၆ အရ ​ထောင်​ဒဏ်​ ၂၀ နှစ်​ နှင့်​ ပ ၃၆၃ အရ​ထောင်​ဒဏ်​ ၅ နှစ်​အား တစ်​​ပေါင်းတည်းကျခံရန်​ အမိန့်​ချမှတ်​ခဲ့​ကြောင်း သိရသည်​။

စစ်​ကြည်​(စလင်း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
စလင်းတွင်​ သက်​ငယ်​မုဒိန်းမှု ကျူးလွန်​သူ အလုပ်​နှင့်​ ​ထောင်​ဒဏ်​ ၂၅ နှစ်​ ကျ စလင်းတွင်​ သက်​ငယ်​မုဒိန်းမှု ကျူးလွန်​သူ အလုပ်​နှင့်​ ​ထောင်​ဒဏ်​ ၂၅ နှစ်​ ကျ Reviewed by THITHTOOLWIN on 18:06 Rating: 5
Powered by Blogger.