မိုးကြိုး ဆာဖျူရစ်အက်ဆစ် စက်ရုံကို ပြောင်းရွှေ့မှာ မဟုတ်

 ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းသိန်းဇော်က မေးမြန်းခဲ့တာပါ
စစ်ကိုင်းတိုင်း ဒေသကြီး ဆားလင်းကြီး မြို့နယ်မှာ ရှိတဲ့ မိုးကြိုး ဆာဖျူရစ် အက်ဆစ် စက်ရုံကို ပြောင်းရွှေ့မှာ မဟုတ်ဘူးလို့ ဗိုလ်ချုပ် မြင့်နွယ်က ပြောကြား လိုက် ပါတယ်။

ဆားလင်းကြီးမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းသိန်းဇော်က လူမူ ပတ်ဝန်းကျင်ကို ထိခိုက် စေတဲ့ မိုးကြိုး ဆာဖျူရစ် အက်ဆစ် စက်ရုံကို ပြောင်းရွှေ့ ပေးဖို့ အစီ အစဉ် ရှိမရှိ ဆိုတဲ့ အမေးကို ကာကွယ်ရေး ဝန်ကြီး ဌါန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ်က ပြောင်းရွှေ့မှာ မဟုတ်ကြောင်း ပြည်သူ့ လွှတ်တော်မှာ ဖြေကြားခဲ့ တာပါ။

ဒီ အက်ဆစ် စက်ရုံကို မြန်မာစီးပွါးရေး ဦးပိုင် ကုမ္ပဏီနဲ့ တရုတ် ကုမ္ပဏီ တစ်ခုတို့ စာချုပ်ချုပ်ဆို တည်ဆောက် ခဲ့ပြီး ၂၀၀၇ ခုနှစ်က စတင် လည်ပတ်ခဲ့ တာပါ။ တစ်ရက်ကို အက်ဆစ် တန်ချိန် ၅၀ ထုတ်လုပ်နိုင် ပါတယ်။

ဒီက ထွက်လာတဲ့ အက်ဆစ်တွေကို လက်ပံတောင်းတောင် စပယ်တောင်နဲ့ ကြေးစင်တောင်တို့မှာ ကြေးနီ ထုတ်ဖို့ အသုံးပြုတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီစက်ရုံဟာ ဒေသခံရဲ့ လူမူ့ ဘဝနဲ့ သဘာဝ ပတ်ဝန်းကျင်ကို ဆိုးရွားစွာ အန္တရာယ် ဖြစ်စေ တယ်လို့ အများက ယူဆ ထားကြ တာပါ။

ဒီစက်ရုံကို နိုင်ငံ တကာ စံချိန် စံနှုန်းများ နဲ့အညီ လည်ပတ် နေသလို နိုင်ငံ တကာ အသိ အမှတ်ပြု ISO လက်မှတ် ရရှိ ထားတာရယ်၊ လက်ပံတောင်းတောင် ဒေသခံတွေ အလုပ် အကိုင် အခွင့် အလမ်း ရရှိ စေပြီး နိုင်ငံ အတွက်လည်း အကျိုး အမြတ် ရနေတဲ့ စက်ရုံ ဖြစ်တဲ့ အတွက် ရွှေ့ပြောင်း ပေးဖို့ မရှိတဲ့ အကြောင်း ဒုဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က လွှတ်တော်မှာ ဖြေကြား သွားခဲ့ တာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese
မိုးကြိုး ဆာဖျူရစ်အက်ဆစ် စက်ရုံကို ပြောင်းရွှေ့မှာ မဟုတ် မိုးကြိုး ဆာဖျူရစ်အက်ဆစ် စက်ရုံကို ပြောင်းရွှေ့မှာ မဟုတ် Reviewed by THITHTOOLWIN on 05:10 Rating: 5
Powered by Blogger.