ပြွန်တန်ဆာမြို့တွင် လျှပ်စစ်ဝါယာရှော့ဖြစ်၍ နေအိမ်(၂)လုံးမီးလောင်


ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ပြွန်တန်ဆာမြို့မှာ သြဂုတ် (၃၀)ရက် ညသန်းခေါင်ကျော် (၁၂)နာရီခွဲခန့်က ဝါယာရှော့ဖြစ်ရာကနေ နေအိမ်(၂)လုံး လောင်ကျွမ်းခဲ့တယ်လို့သိရပါတယ်။

 ဖြစ်စဉ်ကတော့ ပြွန်တန်ဆာမြို့ မြို့မ(၃)ရပ်ကွက် ရန်ကုန်-မန္တလေးကားလမ်းမဘေးရှိ သွပ်မိုး ပျဉ်ကာ ပျဉ်ခင်း နှစ်ထပ်အိမ်မှာ လျှပ်စစ်ဝါယာရှော့ဖြစ်ပြီး မီးစတင် လောင်ကျွမ်းတာဖြစ်ပြီး အနီးမှာရှိတဲ့ သွပ်မိုးပျဉ်ကာပျဉ်ခင်းနှစ်ထပ်အိမ်ကို ကူးစက်လောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။

မီးလောင်မှုကြောင့်ပျက်ဆီးဆုံးရှုံးမှုတန်ဖိုးကျပ်(၂၄)သိန်းခန့်ရှိပြီးလူနဲ့တိရိစ္ဆာန်ထိခိုက်ဒဏ်ရာရရှိမှုမရှိဘူးလို့သိရပါတယ်။

မီးလောင်ကျွမ်းရာနေရာကို မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်တွေက မီးသတ်ယာဉ် (၃) စီး ရေသယ်ယာဉ် (၁) စီးအပါအ၀င် ရဲတပ်ဖွဲ့ဝင်တွေ နဲ့ ပြည်သူတွေ ဝိုင်းဝန်းငြှိမ်း သတ်ခဲ့ကာ သြဂုတ် (၃၁)ရက် နံနက်(၁နာရီ) (၅၀)မှာ မီးငြိမ်းခဲ့တယ်လို့သိရပါတယ်။

 မီးပေါ့ဆစွာသုံးစွဲသူကို ပြွန်တန်ဆာနယ်မြေ ရဲစခန်းက (ပ) ၂၁၁/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ (၂၈၅) နဲ့အမှုဖွင့် အရေးယူဆောင်ရွက်ထားတယ်လို့သိရပါတယ်။ ဒီသတင်းကို ကိုထွေး(ညောင်လေးပင်)ကပေးပို့တာပါ။

Central News Bureau
https://www.facebook.com/skynetcnb/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ