ကိုရီးယားကျွန်းဆွယ် စစ်ရေးပဋိပက္ခများအပေါ် “ ကြီးမားသော ကပ်ဘေးဆိုက်မည်” ဟု ရုရှားပြော

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ် နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တို့ အားတွေ့ ရစဉ်(ဆင်ဟွာ)
  မော်စကို ၊ သြဂုတ် ၁၄ ရက်(ဆင်ဟွာ)

    ကိုရီးယားကျွန်းဆွယ်၌ စစ်မက်ဖြစ်ပွားရန် အလွန်နီးကပ်လာကြောင်း နှင့် အကယ်၍ အဆိုပါ လမ်းကြောင်းအတိုင်း အခြေအနေမှာ ဆက်လက်ဖြစ်ပွားနေလျင် “ အမှန်တကယ် ကြီးမားသော ကပ်ဘေးဆိုက်မည်” ဟု ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် အမျိုးသမီး Maria Zakharova က သြဂုတ်လ ၁၃ ရက်တွင် ပြောကြားလိုက်သည်။

အမေရိကန်နိုင်ငံသည် လက်နက်ကိုင်ပဋိပက္ခ၏ အကျိုးဆက်များကို သိနားလည်းခြင်းမရှိကြောင်း Zakharova ၏ ပြောကြားချက်ကို ကိုးကား၍ TASS သတင်းဌာနက သတင်းဖော်ပြခဲ့သည်။“ အမေရိကန်အစိုးရ နဲ့ အမေရိကန် ကွန်ဂရက်အမတ်တွေဟာ အမေရိကန်နိုင်ငံထဲမှာ ကိုယ့်ပြည်သူတွေ အသတ်မသေဖို့ လုပ်ဆောင်နေပေမယ့် အခြားနိုင်ငံတွေမှာတော့ အဲဒီလို မဟုတ်ပါဘူး။ အဲဒါကို မြောက်ကိုရီးယားနိုင်ငံမှာ လုပ်ဆောင်နေရုံသာမက တောင်ကိုရီးယားနိုင်ငံမှာလည်း လုပ်နေတယ်လို့ ကျွန်မ ထင်ပါတယ်”ဟု ၄င်းက ဆိုသည်။

ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး Sergei Lavrov က သြဂုတ်လ ၁၁ ရက်တွင် ပြောကြားရာ၌ အမေရိကန်နိုင်ငံ နှင့် မြောက်ကိုရီးယားနိုင်ငံတို့ အကြား ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခတစ်ခုသည် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေကြောင်း နှင့် ရုရှားနိုင်ငံအနေဖြင့် အမြင်ကျယ်ကျယ်ဖြင့် ဖြေရှင်းရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ယခုရက်သတ္တပတ်အစောပိုင်းက ပြုံယမ်း နှင့် ဝါရှင်တန်အကြား စစ်ရေးခြိမ်းခြောက်မှုစကားလုံးများကို အပြန်အလှန်အသုံးပြုခဲ့ပြီးနောက် ရုရှားနိုင်ငံ၏ သတိပေးချက်ထွက်ပေါ်လာခြင်းဖြစ်သည်။ အမေရိကန်နိုင်ငံပိုင် ဂူအမ်ကျွန်းအား သြဂုတ် လလယ်ပိုင်းတွင် တာလတ်ပစ် ဒုံးကျည်ဖြင့် တိုက်ခိုက်သွားရန် စီစဉ်နေကြောင်း မြောက်ကိုရီးယားနိုင်ငံက သြဂုတ်လ ၁၀ ရက်တွင် ခြိမ်းခြောက် ပြောကြားခဲ့သည်။အမေရိကန်နိုင်ငံသမ္မတ ဒေါ်နယ်ထရမ့်က “ စစ်ရေးနည်းဖြင့် ဖြေရှင်းမှုများပြုလုပ်သွားရန် ယခုအခါအားလုံး အသင့်အနေထားဖြစ်နေပြီ” ဟု ၄င်း၏တွစ်တာလူမှုကွန်ရက်စာမျက်နှာပေါ်တွင် သြဂုတ်လ၁၁ရက်က ရေးသားခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com
ကိုရီးယားကျွန်းဆွယ် စစ်ရေးပဋိပက္ခများအပေါ် “ ကြီးမားသော ကပ်ဘေးဆိုက်မည်” ဟု ရုရှားပြော ကိုရီးယားကျွန်းဆွယ် စစ်ရေးပဋိပက္ခများအပေါ် “ ကြီးမားသော ကပ်ဘေးဆိုက်မည်” ဟု ရုရှားပြော Reviewed by THITHTOOLWIN on 17:27 Rating: 5
Powered by Blogger.