ကျဆုံးခဲ့ကြရသည့် လ၀ကအရာရှိတစ်ဦးနှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၄ ဦးအား စစ်ရေးအခမ်းအနားဖြင့် မောင်တောတွင်သဂြိုင်္လ်


နိရဉ္စရာ၊ သြဂုတ် ၂၈

မောင်တောမြို့နယ် အတွင်း အစွန်းရောက် အကြမ်းဖက်သမားများ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ကြရသည့် လ၀က အရာရှိ တစ်ဦးနှင့် နယ်ခြားစောင့် တပ်ဖွဲ့ဝင် ၄ ဦးအား မောင်တောမြို့ သုဿန်တွင် ယမန်နေ့က စစ်ရေး အခမ်းအနားဖြင့် သေတမ်းစာဖတ်ကာ သဂြိုင်္လ်ခဲ့သည်။

သေဆုံးခဲ့ရသည့် တပ်ဖွဲ့ဝင်များမှာ မြင်းလွတ် နယ်ခြားစခန်းမှ နယ်မြေမှူး ဟိန်ထက်ကျော်၊ တပ်သား ဝင်းထိုက်၊ ဇီးပင်ချောင်းကင်းစခန်းမှ တပ်သား မင်းသူရနိုင်(၂၂)နှစ်၊ တပ်သားဇာနည်ထွန်း(၂၄)နှစ်နှင့် အလယ်သံကျော်တွင် တာဝန်ကျနေသူ ဒုလဝကမှူး ဦးဇာမောင်းတို့ ဖြစ်ကြသည်။

သူတို့အား သြဂုတ်လ ၂၇ ရက်နေ့ နေ့လယ် (၂)နာရီ အချိန်တွင် ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာအရ သရဏဂုံတင်ပြီး တပ်၏ လုပ်ထုံးလုပ်နည်းအရ သေတမ်းစာဖတ်ပြီး စစ်ရေးအခမ်းအနားဖြင့် မြေမြုပ်သဂြိုလ်ခဲ့သည်။

အသုဘအခမ်းအနားသို့ နယ်ခြားစောင့်တပ်ဖွဲ့မှ နယ်မြေမှူးများ၊ နယ်မြေခံ အရာရှိ အရာခံ တပ်သားများ၊ မောင်တောမြို့နယ်မှူးနှင့် လဝက အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။

၎င်းအပြင် နယ်မြေ(၄)ဇီးပင်ချောင်းဝကင်းစခန်းမှ ဘင်္ဂလီအကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် ကျဆုံးသွားခဲ့ရသည့် ကိုယ်ပိုင်အမှတ် (လ ၂၆၃၈၃၉) တပ်သား မင်းသူရနိုင်(၂၂)၏ ဧရာဝတီတိုင်း၊ ဟင်္သာတ ခရိုင် လေးမျက်နာမြို့နယ် ပန်တော်ကြီးအုပ်စု၊ လေတန်ငယ်ကျေးရွာတွင်နေထိုင်သူ မိခင်ဖြစ်သူ ဒေါ်စန်းစန်းဌေး၊ ညီမဖြစ်သူ ကဗျာဝတ်မှူး၊ အဒေါ်တစ်ဦး၊ ဦးလေးနှစ် ဦး စုစုပေါင်း(၅)ဦးတို့ တက်ရောက် ခဲ့သည်။

သေဆုံးသွားသူ မင်းသူရနိုင်၏ မိခင်ဖြစ်သူ ဒေါ်စန်းစန်းဌေး၏ ခံစားရမှုကို မေးမြန်းကြည့်ရာ သူမက " ကျွန်မ ဂုဏ်ယူပါတယ်။ သားက နိုင်ငံအတွက် ကာကွယ်ပြီး အသက်ပေးလိုက်ရတာပါ။ ဒါပေမယ့် ကျွန်မသားကို သတ်သွားတဲ့ ဘင်္ဂလီကုလားအကြမ်းဖက်သမားများကိုတော့ တစ်ဦးမကျန် သတ်ဖြတ် ရှင်းလင်းပေးဖို့ဆိုတာက ကျွန်မရင်ထဲက အလိုချင်ဆုံး ဆန္ဒတစ်ခုဖြစ်ပါတယ်” ဟု ပြောဆိုသည်။

အောင်ကျော်မင်း(မောင်တော)
Narinjara
https://www.facebook.com/Narinjara
ကျဆုံးခဲ့ကြရသည့် လ၀ကအရာရှိတစ်ဦးနှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၄ ဦးအား စစ်ရေးအခမ်းအနားဖြင့် မောင်တောတွင်သဂြိုင်္လ် ကျဆုံးခဲ့ကြရသည့် လ၀ကအရာရှိတစ်ဦးနှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၄ ဦးအား စစ်ရေးအခမ်းအနားဖြင့် မောင်တောတွင်သဂြိုင်္လ် Reviewed by THITHTOOLWIN on 19:33 Rating: 5
Powered by Blogger.