ဂျပန်ပိုင်နက်ကို ဖြတ်ပြီး မြောက်ကိုရီးယား မစ်ဆိုင်းဒုံး ပစ်လွှတ်

အခုနောက်ဆုံး ပစ်လွှတ်လိုက်တဲ့ မစ်ဆိုင်းဒုံး စမ်းသပ်မှုအပေါ် ဂျပန်အစိုးရက ဒေါသတကြီး တုံ့ပြန်
ပြုံယမ်းမြို့တော်နားကနေ မြောက်ကိုရီးယား ပစ်လွှတ်လိုက်တဲ့ ပဲ့ထိန်းစနစ် မစ်ဆိုင်းဒုံးတခုဟာ ဂျပန်နိုင်ငံ မြောက်ပိုင်း ဟော့ကိုင်ဒို ကျွန်းစုပေါ်ကနေ ဖြတ်ပြီး အရှေ့ဘက်ပိုင်း ကမ်းရိုးတန်းနားက ပင်လယ်ထဲ ကျရောက်ခဲ့ရာမှာ အဲဒီ ကျွန်းစုပေါ်က ဂျပန်ပြည်သူတွေကို ကြိုတင် ကာကွယ်မှုတွေ လုပ်ထားကြဖို့ သတိပေး ညွှန်ကြားရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

ဒီလို မစ်ဆိုင်းဒုံး ပစ်လွှတ်မှုမျိုးကို အရင်က မကြုံခဲ့ဖူးပဲ ဒါဟာ ဂျပန်နိုင်ငံအတွက် သိပ်ကို ဆိုးဝါးတဲ့ ခြိမ်းခြောက်မှုကြီး ဖြစ်တယ်လို့ ဂျပန် အစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။

မြောက်ကိုရီးယားက လတ်တလော ဆက်တိုက် လုပ်ခဲ့တဲ့ မစ်ဆိုင်းဒုံး စမ်းသပ်မှုတွေထဲမှာ ဘယ်မစ်ဆိုင်းဒုံးမှ မြေပြင်ကျွန်းစုပေါ်ကနေ ဖြတ်သွားတာမျိုး မရှိခဲ့ပါဘူး။

အခုနောက်ဆုံးလုပ်တဲ့ ဒီစမ်းသပ် ပစ်လွှတ်မှုကြောင့် တင်းမာမှုတွေ သိသိသာသာ တိုးပွားလာနိုင်တယ်လို့ သတင်းထောက်တွေက ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese
ဂျပန်ပိုင်နက်ကို ဖြတ်ပြီး မြောက်ကိုရီးယား မစ်ဆိုင်းဒုံး ပစ်လွှတ် ဂျပန်ပိုင်နက်ကို ဖြတ်ပြီး မြောက်ကိုရီးယား မစ်ဆိုင်းဒုံး ပစ်လွှတ် Reviewed by THITHTOOLWIN on 09:01 Rating: 5
Powered by Blogger.