တာချီလိတ်၌ ကျပ်သိန်းပေါင်း ၃၇ဝဝဝ တန်ဖိုးရှိ အိုက်စ်များ ကွင်းဆက်ဖြင့် ဖမ်းဆီးရမိ


တာချီလိတ် သြဂုတ် ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့တို့၌ ကျပ်သိန်းပေါင်း ၃၇ဝဝဝ တန်ဖိုးရှိ အိုက်စ်များ၊ မော်တော်ယာဉ်များ၊ ထိုင်းနိုင်ငံသုံးဘတ်ငွေနှင့် မြန်မာ ငွေများအား သြဂုတ် ၂၃ ရက်နေ့က ဖမ်းဆီးရမိသည်။

ဖြစ်စဉ်မှာ သြဂုတ် ၂၃ ညနေ ၃ နာရီတွင် မူးယစ်တပ်ဖွဲ့စု(၂၈)ကျိုင်းတုံမှ ရဲအုပ် တင်ကိုကို ဦးစီးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ နောင်ဖာရဲကင်းရှေ့ လမ်းမပေါ်တွင် မူးယစ်ဆေးဝါးသတင်းအရ စောင့်ဆိုင်းနေစဉ် မိုင်းယန်းမြို့ဘက်မှ ကျိုင်းတုံမြို့တွင်းသို့ ကျော်ဟိန်းဇံ (အမျိုးသား) မောင်းနှင်ပြီး သန်းထွန်း(အမျိုးသား)လိုက်ပါလာသည့် မော်တော်ယာဉ်၏ အင်ဂျင်စက်ခန်း မီးခွက်နောက်မှ သိုဝှက်သယ်ဆောင်လာသည့်မက်အက်ဖီတမင်း(ခ)အိုက်စ်ဟုယူဆရသော အဖြူရောင်ပုံဆောင်ခဲအလေးချိန် ၄ဝ ကီလို၊ ဒေသတန်ဖိုးကျပ်သိန်းပေါင်း ၁ဝဝဝဝ ခန့်အားသိမ်းဆည်းရမိသည်။


၎င်းတို့အား ဆက်လက်စစ်ဆေးရာ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများသည် တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ တော်ကော့(တွင်း)ရွာသို့ ပို့ဆောင်ရမည်ဖြစ် ကြောင်း သိရှိ၍ကွင်းဆက်ပေါ်ပေါက်ချက်အရသြဂုတ် ၂၃ ရက် ည ၆ နာရီခွဲတွင် မူးယစ်တပ်ဖွဲ့စု(၃ဝ) တာချီလိတ်မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ တော်ကော့(တွင်း)ရွာရှိ ကွင်းဆက်တရားခံနေအိမ်အား ဝင်ရောက်ရှာဖွေရာ အားကိုင်ဖန်း(အမျိုးသား)အား တွေ့ရှိဖမ်းဆီးရမိပြီး ဆက်လက်ရှာဖွေရာ ကားဂိုဒေါင်အတွင်း ရပ်ထားသောVigo အဖြူရောင် မော်တော်ယာဉ်အင်ဂျင်ခန်းအတွင်းမှ အဖြူရောင် ဆာလာအိတ်ဖြင့် ထည့်ထားပြီး တရုတ်စာတမ်းပါ လက်ဘက်ခြောက်အိတ်ဖြင့် ထည့်လျက် အိုက်စ်အဖြူရောင် ပုံဆောင်ခဲအလေးချိန် ၈ ကီလိုခန့်အား လည်းကောင်း၊ Honda Civic အမျိုးအစားအဖြူရောင်မော်တော်ယာဉ်အတွင်း ထိုင်ခုံနောက် ကျောအံဝှက်အတွင်းမှ တရုတ်စာတမ်းပါ လက်ဘက်ခြောက်အိတ်ဖြင့်ထည့်လျက် အိုက်စ်အဖြူရောင်ပုံဆောင်ခဲ အလေးချိန် ၅၇ ကီလိုခန့်အား လည်းကောင်းMercedes Benz အမျိုးအစား ခဲရောင်မော်တော်ယာဉ်နောက်ဖုံးအံဝှက် ဝဲ/ယာ အတွင်းမှ တရုတ်စာတမ်းပါ လက်ဘက်ခြောက်အိတ်ဖြင့် ထည့်လျက် အိုက်စ် အဖြူရောင်ပုံဆောင်ခဲ အလေးချိန် ၄၃ ကီလိုခန့်အား လည်းကောင်း၊ နေအိမ်အိပ်ခန်းအတွင်းရှိLEECOစာတမ်းပါ အညိုရောင် မီးခံသေတ္တာ နှစ်လုံး အတွင်းမှ ထိုင်းဘတ်ငွေ သုံးသိန်းနှင့် မြန်မာကျပ်ငွေ နှစ်သိန်းကျပ်နှင့် အခြားစာရွက်စာတမ်းများအားလည်းကောင်း၊ဂိုဒေါင်အတွင်းမှLexusအဖြူရောင် မော်တော်ယာဉ် တစ်စီး၊ Vigoအဖြူရောင် မော်တော်ယာဉ် တစ်စီး၊Toyota Succeed အနက်ရောင် မော်တော်ယာဉ် တစ်စီး၊Toyota Crown အဖြူရောင် မော်တော်ယာဉ် တစ်စီး၊ံHonda PCX-150 ဖြူ/နီရောင် ဆိုင်ကယ် တစ်စီး၊ Honda PCX-150 ဖြူ/မဲရောင် ဆိုင်ကယ် တစ်စီး တို့အား လည်းကောင်း၊အားကိုင်ဖန်းထံမှ OPPO အမျိုးအစား အဖြူရောင် လက်ကိုင်ဖုန်း တစ်လုံး တို့အားလည်းကောင်း၊စုစုပေါင်း သိမ်းဆည်းရမိ အိုက်စ်အလေးချိန် ၁ဝ၈ ကီလို၊ ဒေသတန်ဖိုး ကျပ်သိန်းပေါင်း ၂၇ဝဝဝ သိန်းခန့်အားသိမ်းဆည်းရ မိသည်။

အဆိုပါဖြစ်စဉ်တွင် ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့အတွင်း ဖမ်းဆီးရမိသည့် အိုက်စ်အလေးချိန် ၁၄၈ ကီလို၊ဒေသတန်ဖိုး ကျပ်သိန်းပေါင်း ၃၇ဝဝဝ သိန်းခန့်၊ မော်တော်ယာဉ် ရှစ်စီး၊ မော်တော်ဆိုင်ကယ် နှစ်စီးနှင့် ထိုင်း/မြန်မာနိုင်ငံသုံးငွေများအားသိမ်းဆည်းရ မိခြင်းဖြစ်သည်။

အမှုမှ ကျိုင်းတုံမြို့တွင် ဖမ်းဆီးရမိသူကျော်ဟိန်းဇံ(၃၈ နှစ်)နှင့် သန်းထွန်း(၃၆ နှစ်)တို့အား ကျိုင်းတုံမြို့မရဲစခန်း၌လည်းကောင်း၊ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ တော်ကော့(တွင်း)ရွာတွင် ဖမ်းဆီးရမိသူ အားကိုင်ဖန်း(၁၈ နှစ်)တို့အား တာချီလိတ်မြို့မရဲစခန်း၌ လည်းကောင်း မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အရေးယူဆောင်ရွက်ထားကြောင်းသိရသည်။

မြင့်မိုရ်(တာချီလိတ်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
တာချီလိတ်၌ ကျပ်သိန်းပေါင်း ၃၇ဝဝဝ တန်ဖိုးရှိ အိုက်စ်များ ကွင်းဆက်ဖြင့် ဖမ်းဆီးရမိ တာချီလိတ်၌ ကျပ်သိန်းပေါင်း ၃၇ဝဝဝ တန်ဖိုးရှိ အိုက်စ်များ ကွင်းဆက်ဖြင့် ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 17:45 Rating: 5
Powered by Blogger.