သီလရှင်အား မျိုတော့မည့် မြွေကြီးရန်မှ သံဃာတော်များက အချိန်မှီ ကယ်တင်နိုင်ခဲ့


ပြီးခဲ့တဲ့ သြဂုတ်လ (၆)ရက်နေ့ က ပေ(၂၀)ကျော်ရှည်တဲ့ မြွေကြီးဟာ ထိုင်းနိုင်ငံမှာ ရယောင် မြို့ နယ်အတွင်းမှာရှိတဲ့ Panang ဘုန်းကြီးကျောင်းဝင်းအတွင်းက ရေချိုးခန်း အတွင်း ၀င်ရောက် နေခဲ့တာပါ။

ရေချိုးဆောင် အိမ်သာနေရာဟာ ကျောင်းဝင်းနဲ့  အနည်းငယ်ဝေးကွာတဲ့ ခြံစည်းရိုးနဲ့  ကပ်ရက်မှာ ရှိနေပြီး ကွဲအက်နေတဲ့ အုပ်တံတိုင်းအကာကို တိုးဝင်ကာ အိမ်သာတွင်းမှာ ၀င်ရောက် ခွေနေတာဖြစ်ပါတယ်။

အသက်( ၈၅) နှစ်အရွယ် သီလရှင်အဖွားအိုဟာ ညပိုင်း ရေချိုးခန်းက အိမ်သာအတွင်း ၀င်ခဲ့တဲ့အခါမှာမြွေကြီးက သီလရှင်ရဲ့  ခြေထောက်ကို ပေါက်လိုက်တယ်၊ ပြီးတဲ့အခါမှာတော့ တကိုယ်လုံးကို ပါတ်မလို့ လုပ်နေချိန်မှာ သီလရှင်ရဲ့ အော်ဟစ်အကူညီတောင်းတဲ့ အသံကြားလို့  သံဃာတွေ အချိန်မှီရောက်လာခဲ့ပြီး ကယ်တင်နိုင်ခဲ့တာလို့ သိရပါတယ်။


အခင်းဖြစ်တဲ့ အချိန် မှာ ညပိုင်း မိုးမရွာခဲ့တာဟာ သီလှရှင်အတွက် ကံကောင်းသွားတာလို့  သံဃာတွေကပြောဆိုကြပါတယ်။

မြွေကိုက်ခံရတဲ့ သီလှရှင်ကို ဆေးရုံတင်ကုသခဲ့ရပြီး မြွေကြီးကိုတော့ မြို့ နယ် အာဏာပိုင်တွေက လက်ထဲအပ်လိုက်တယ်လို့ သိရပါတယ်။

Social Action for Children and Women - SAW
သီလရှင်အား မျိုတော့မည့် မြွေကြီးရန်မှ သံဃာတော်များက အချိန်မှီ ကယ်တင်နိုင်ခဲ့ သီလရှင်အား မျိုတော့မည့် မြွေကြီးရန်မှ သံဃာတော်များက အချိန်မှီ ကယ်တင်နိုင်ခဲ့ Reviewed by THITHTOOLWIN on 09:15 Rating: 5
Powered by Blogger.