အမေရိကန်နိုင်ငံ ဖီလာဒဲလ်ဖီးယားမြို့ တွင် ရထားတိုက်မှုကြောင့် လူ ၄၂ဦး ဒဏ်ရာရရှိ

ဖီလာဒဲလ်ဖီးယားမြို့တွင် ဖြစ်ပွားခဲ့သည့် ရထားမတော်တဆမှုတစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)
    နယူးယောက်၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ)

    အမေရိကန်နိုင်ငံ အရှေ့ဘက် ဖီလာဒဲလ်ဖီးယားမြို့ အစွန်အဖျားရှိ ဘူတာရုံတစ်ခုတွင် ရပ်ထားသော ရထားတစ်စီးကို မြန်နှုန်းမြင့်ရထားတစ်စီးက သြဂုတ် ၂၂ ရက်တွင် ဝင်တိုက်မိသဖြင့် အနည်းဆုံး လူ ၄၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

နိုင်ငံ အရှေ့တောင်ပိုင်း ပန်ဆယ်ဗေးနီးယားပြည်နယ် ပို့ဆောင်ရေးအာဏာပိုင်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ Heather Redfern က မြို့၏ အထက်ပိုင်း ဒါဘိုင်ဆင်ခြေဖုံးရပ်ကွက် ရှိ ၆၉လမ်းဘူတာရုံတွင် ရပ်နားထားသော လူမရှိသော ရထားတစ်စီးအား နော်ရစ်တောင်းမြို့ပတ်ရထားဖြစ်သည့် မြန်နှုန်းမြင့်ရထားတစ်စီးက ဝင်တိုက်ခဲ့ပြီး ရထားမောင်းသူအပါအဝင် လူ ၄၂ဦးဒဏ်ရာရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

ဒဏ်ရာရရှိသူ အားလုံးသည် အသက်အန္တရာယ် မစိုးရိမ်ရကြောင်း နှင့် ရထားမောင်းသူကို ဆေးရုံတစ်ခုတွင် ဆေးကုသပေးခဲ့ပြီးနောက် ၎င်းအား ပြန်လွှတ်ပေးခဲ့ကြောင်း Redfern ကပြောကြားခဲ့သည်။

ပြည်တွင်း ပို့ဆောင်ရေးဋ္ဌာနက သန်းခေါင်ယံအကျော်လေးတွင်ဖြစ်ပွားခဲ့သည့် အဆိုပါ ဖြစ်စဉ်အား စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။

Redfernက နော်ရစ်တောင်း မြို့ပတ်ရထားများ ပုံမှန်ပြေးဆွဲနေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ဇန်နဝါရီလ အစောပိုင်းတွင် နယူးယောက်မြို့၌ လူစီးရထားတစ်စီးလမ်းချော်မှုဖြစ်ခဲ့ရာ လူ ၁၀၀ကျော်သေဆုံးခဲ့ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
အမေရိကန်နိုင်ငံ ဖီလာဒဲလ်ဖီးယားမြို့ တွင် ရထားတိုက်မှုကြောင့် လူ ၄၂ဦး ဒဏ်ရာရရှိ အမေရိကန်နိုင်ငံ ဖီလာဒဲလ်ဖီးယားမြို့ တွင် ရထားတိုက်မှုကြောင့် လူ ၄၂ဦး ဒဏ်ရာရရှိ Reviewed by THITHTOOLWIN on 17:10 Rating: 5
Powered by Blogger.