ရာသီတုပ်ကွေးရောဂါဖြစ်ပွားမှုကို ကပ်ရောဂါအဖြစ် မသတ်မှတ်

ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်ကို ဇူလိုင်လ ၃၀ ရက်နေ့က ကျင်းပတဲ့ ရာသီတုပ်ကွေးရောဂါ ထိန်းချုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ တွေ့ရစဉ်။ Photo: Kaung Htet Kyaw/ RFA
ရာသီတုပ်ကွေး A(H1N1) ရောဂါပာာ သာမန်ထက်ထူးကဲတဲ့ အခြေအနေပဲ ရှိတာကြောင့် ကပ်ရောဂါအဖြစ် မသတ်မှတ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင် က ပြောပါတယ်။

ဒီနေ့ ရန်ကုန်မြို့ လမ်းမတော်မြို့နယ်က ပြည်သူ့ကျန်းမာရေးတက္ကသိုလ်မှာ ကျင်းပတဲ့ ရာသီတုပ်ကွေးရောဂါ ထိန်းချုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအပြီးမှာ  ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ချုပ် ဒေါက်တာ သန်းထွန်းအောင်က ပြောတာဖြစ်ပါတယ်။

ရာသီတုပ်ကွေးရောဂါနဲ့ ဒီနေ့မနက်မှာ သေဆုံးသူ ၂ ဦး ရှိပြီး ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ ရက်နေ့ကနေ ဒီနေ့အထိ သေဆုံးသူ ၉ ဦး ရှိနေပြီဖြစ်ပါတယ်။ ရောဂါပိုးတွေ့ရှိ သူ ၄၈ ဦးနဲ့ သံသယရှိလူနာ ၁၃၈ ဦးရှိတယ်လို့ သိရပါတယ်။

သေဆုံးသူတွေဟာ ရန်ကုန်၊ ဧရာဝတီ ၊ နေပြည်တော်၊ ချင်း၊ ပဲခူး၊ တနသာင်္ရီ စတဲ့ တိုင်းနဲ့ ပြည်နယ်တွေ က ဖြစ်ပါတယ်။

H1N1 တုပ်ကွေးရောဂါနဲ့ပတ်သက်တဲ့ ညှိနှိုင်းအစည်းအဝေးကို ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ မြင့်ထွေး၊ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့အစည်း(WHO) တာဝန်ရှိသူတွေ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုး၊ ကုသရေး ဦးစီးဌာနက တာဝန်ရှိ သူတွေနဲ့ ဆေးရုံအုပ်ကြီးတွေ တက်ရောက်ခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese
ရာသီတုပ်ကွေးရောဂါဖြစ်ပွားမှုကို ကပ်ရောဂါအဖြစ် မသတ်မှတ် ရာသီတုပ်ကွေးရောဂါဖြစ်ပွားမှုကို ကပ်ရောဂါအဖြစ် မသတ်မှတ် Reviewed by THITHTOOLWIN on 19:09 Rating: 5
Powered by Blogger.