ဆီးရီးယားနယ်စပ်ရှိ ဒုက္ခသည်စခန်း၌ လက်ဘနွန်တပ်ဖွဲ့များကို အသေခံဗုံးခွဲတိုက်ခိုက်


ဘေရွတ် ဇွန် ၃ဝ

ဆီးရီးယားနိုင်ငံ နယ်စပ်နှင့်ထိစပ်နေသော အာဆယ်မြို့ အတွင်းရှိ ဆီးရီးယားဒုက္ခသည်စခန်းနှစ်ခုကို စီးနင်းရှာဖွေမှု ပြုလုပ်သည့် လက်ဘနွန်အစိုးရတပ်ဖွဲ့ဝင်များကို အသေခံ ဗုံးဖောက်ခွဲရေးသမား ငါးဦးက ဇွန် ၂၉ ရက်တွင် တိုက် ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ဆဋ္ဌမမြောက် စစ်သွေးကြွ တစ်ဦးက ကင်းလှည့်နေသော တပ်ဖွဲ့ဝင်များကို လက်ပစ် ဗုံးဖြင့်ပစ်ခတ်မှု ပြုလုပ်ခဲ့ကြောင်း၊ ယင်းဖြစ်စဉ်အတွင်း လက်ဘနွန်အစိုးရ တပ်ဖွဲ့ဝင်ခုနစ်ဦးထိခိုက်ဒဏ်ရာရခဲ့ ကြောင်း လက်ဘနွန် စစ်ဘက်က ပြောကြားသည်။

ဆီးရီးယားဒုက္ခသည်များနေထိုင်သည့် ဒုက္ခသည် စခန်းအတွင်း သင်္ကာမကင်းဖွယ်ရာ စစ်သွေးကြွတစ်ဦးကို ကင်းလှည့်လာသည့် အစိုးရတပ်ဖွဲ့များက လိုက်လံ ဖမ်းဆီးစဉ် အသေခံဗုံးဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း ဆီးရီး ယားနိုင်ငံ အရှေ့မြောက်ပိုင်း နယ်စပ်မြို့အနီးရှိ ဒုက္ခသည် စခန်း၌ ယင်းဖြစ်ရပ်ဖြစ်ပွားခဲ့ကြောင်း လက်ဘနွန် စစ်ဘက်က ပြောကြားသည်။

အခြားအသေခံဗုံးဖောက်ခွဲသူလေးဦးသည် ၄င်းတို့ ကိုယ်တွင် တပ်ဆင်ထားသောဗုံးများကို ဖောက်ခွဲခဲ့သော် လည်း လက်ဘနွန်တပ်ဖွဲ့ဝင်များ ထိခိုက်သေကျေမှုမရှိ ကြောင်း၊ စစ်သွေးကြွတစ်ဦးကမူ ကင်းလှည့်လာသည့် အစိုးရတပ်ဖွဲ့စစ်ကြောင်းကို လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခဲ့ရာ စစ်သားလေးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။

အဆိုပါဒုက္ခသည်စခန်း၌ ဒုက္ခသည် ထောင် ပေါင်းများစွာ ခိုလှုံလျက်ရှိကြပြီး ဆီးရီးယားမှ လာရောက် သော စစ်သွေြး<ွကများ ခိုလှုံရာစခန်းအဖြစ် ကာလကြာရှည် ရပ်တည်လာခဲ့သည်ဆို၏။

၂ဝ၁၄ ခုနှစ်က တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အာဆယ် မြို့ကို စစ်သွေးကြွများက တစ်ခဏတာမျှ သိမ်းပိုက်ထားနိုင် ခဲ့သည်။ ယင်းတိုက်ပွဲတွင် လူအများအပြား သေဆုံးခဲ့ရပြီး ဆီးရီးယားပဋိပက္ခ လက်ဘနွန်နိုင်ငံအတွင်းသို့ ကူးစက်လာ မှုအဖြစ် ရှုမြင်ခဲ့ကြသည်။

လက်ဘနွန်၌ မကြာသေးမီ နှစ်များအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများသည် ဆီးရီးယားစစ်ပွဲနှင့် ဆက်နွှယ်မှုရှိကြောင်း၊ ဆီးရီးယားနိုင်ငံ၌ လက်ဘနွန်ရှီး ယိုက်အုပ်စုဖြစ်သော ဟစ်ဇဘိုလာအဖွဲ့က သမ္မတဘရှား အာဆတ်၏ တပ်ဖွဲ့များဘက်မှ ပါဝင်တိုက်ခိုက်လျက် ရှိကြောင်း သတင်းတွင် ဖော်ပြသည်။

ရိုက်တာ။
The Mirror Daily
https://www.facebook.com/TheMirrorDaily/
ဆီးရီးယားနယ်စပ်ရှိ ဒုက္ခသည်စခန်း၌ လက်ဘနွန်တပ်ဖွဲ့များကို အသေခံဗုံးခွဲတိုက်ခိုက် ဆီးရီးယားနယ်စပ်ရှိ ဒုက္ခသည်စခန်း၌ လက်ဘနွန်တပ်ဖွဲ့များကို အသေခံဗုံးခွဲတိုက်ခိုက် Reviewed by THITHTOOLWIN on 05:10 Rating: 5
Powered by Blogger.