ပျက်ကျ Y-8 လေယာဉ်၏ ကိုယ်ထည်အစိတ်အပိုင်းများ ထပ်မံဆယ်ယူရရှိ


နေပြည်တော်၊ ဇွန် ၂၃

ယနေ့တွင် ပျက်ကျ Y-8 လေယာဉ်၏ ကျန်ရှိအစိတ်အပိုင်းများ ထပ်မံဆယ်ယူရရှိရေးအတွက် တပ်မတော်(ရေ) မှ စစ်ရေယာဉ်များ၊ ကျွမ်းကျင်ရေငုပ်စစ်သည်များ၊ ဒေသံငါးဖမ်းစက်လှေများပူးပေါင်း၍ လေယာဉ်အမြီးပိုင်း တွေ့ရှိသည့် နေရာအနီးတစ်ဝိုက်၌ ပင်လယ်ပြင်အတွင်း ရှာဖွေရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ခဲ့သည်။


ထို့သို့ ရှာဖွေရေးလုပ်ငန်းများလုပ်ဆောင်ခဲ့စဉ် တပ်မတော်(ရေ)မှ ဆိုနာစနစ်ဖြင့် ရှာဖွေတွေ့ရှိသောနေရာများသို့ ဒေသခံငါးဖမ်းစက်လှေများက သွားရောက်ရှာဖွေရာ ယနေ့ညနေပိုင်းတွင် လေယာဉ်ကိုယ်ထည်အလူမီနီယံ အစိတ်အပိုင်း ၄ ခုနှင့် သတ္ထုတိုင်ကီ ၁ ခုကို ထပ်မံဆယ်ယူရရှိခဲ့ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
https://www.facebook.com/Cincds
ပျက်ကျ Y-8 လေယာဉ်၏ ကိုယ်ထည်အစိတ်အပိုင်းများ ထပ်မံဆယ်ယူရရှိ ပျက်ကျ Y-8 လေယာဉ်၏ ကိုယ်ထည်အစိတ်အပိုင်းများ ထပ်မံဆယ်ယူရရှိ Reviewed by THITHTOOLWIN on 22:59 Rating: 5
Powered by Blogger.