The Voice အမှု အာမခံ ၅ ကြိမ်မြောက် ပယ်ချခံရ

The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ ကို ဇွန်လ ၃ဝ ရက်နေ့က တွေ့ရစဉ် Photo: Thant Zin Oo / RFA
ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ ဃနဲ့ တရားစွဲဆိုခံထားရတဲ့ The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေရဲ့ အမှုအတွက် အာမခံလျှောက်ထားတာကို ဗဟန်းမြို့နယ်တရားရုံးက ဒီကနေ့ ၅ ကြိမ်မြောက် ပယ်ချလိုက်ပါတယ်။

အချက်အလက်မပြည့်စုံတာနဲ့ သက်သေတွေစစ်ဆေးတာ မပြီးသေးလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ထပ်မံပယ်ချ လိုက်တာဖြစ်တယ်လို့ ဦးကျော်မင်းဆွေရဲ့ တရားဥပဒေအကြံပေး ဦးခင်မောင်မြင့် ကပြောပါတယ်။

ဒီကနေ့ စတုတ္တအကြိမ်ရုံးထုတ်မှာ တရားလိုဖြစ်တဲ့ ဒုတိယဗိုလ်မှူးကြီးလင်းထွန်း ကို စစ်ဆေးဖို့ စီစဉ်ထား တာဖြစ်ပေမယ့် တရားလိုက ရုံးချိန်းကို မလာရောက်ခဲ့ဘဲ ခွင့်တိုင်ကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၆ ရက်နေ့ထုတ် The Voice သတင်းစာမှာ ဖော်ပြခဲ့တဲ့ ကျည်ထောင်စုသစ္စာ သရော်စာကို သတင်းဌာနရဲ့ အွန်လိုင်း စာမျက်နှာမှာ ဖော်ပြခဲ့တာနဲ့ပတ်သက်ပြီး အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ ကို တပ်မတော်က ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ ဃနဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ ကို လာမယ့် ဇူလိုင်လ ၇ ရက်နေ့ကို ထပ်မံရုံးချိန်းလိုက်ပြီး အဲဒီနေ့မှာလည်း အာမခံထပ်မံလျှောက်ထားမှာဖြစ်တယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ