လေယာဉ် အင်ဂျင် ချို့ယွင်းမှုကြောင့် အရေးပေါ် ဆင်းသက်ခဲ့ရသည့် သရုပ်ဆောင် Jennifer Lawrence


သရုပ်ဆောင် ပီပြင်မှု၊ ပုရိသများကို ဆွဲဆောင်နိုင်မှုတို့ကြောင့် ကမ္ဘာကျော် အောင်မြင်လျက် ရှိသည့် အမေရိကန် အမျိုးသမီး သရုပ်ဆောင် Jennifer Lawrence စီးနင်းလာသည့် ကိုယ်ပိုင် ဂျက်လေယာဉ်သည် အင်ဂျင်စက် ချို့ယွင်းမှုကြောင့် အရေးပေါ် ဆင်းသက်ခဲ့ရသော်လည်း Jennifer Lawrecne ထိခိုက် ဒဏ်ရာ ရရှိခဲ့ခြင်း မရှိကြောင်း သိရှိရသည်။

သရုပ်ဆောင် Jennifer Lawrence သည် ၎င်းနေထိုင်ရာ Kentucky မြို့မှ ၎င်း၏ မိသားစုရှိရာ Louisville မြို့သို့ ကိုယ်ပိုင် ဂျက်လေယာဉ်နှင့် အသွား လမ်းခရီး၌ အင်ဂျင် ချို့ယွင်းမှုကြောင့် နယူးယောက်မြို့တွင် အရေးပေါ် ဆင်းသက်ခဲ့ရပြီး Jennifer Lawrence သည် လေယာဉ်ပေါ် ရှိနေခိုက် အလွန်ပင် ကြောက်ရွံနေမိကြောင်းနှင့် လေယာဉ်ပေါ်မှ ဆင်းသက်သည့်အချိန်တွင်လည်း အလွန်ပင် ခြောက်ခြားနေကြောင်း သရုပ်ဆောင် Jennifer Lawrence ၏ မန်နေဂျာမှ ပြောကြားခဲ့ကာ သရုပ်ဆောင် Jennifer Lawrence စီးနင်းလာသည့် ကိုယ်ပိုင် ဂျက်လေယာဉ်သည် ပေ ၃၁၀၀၀ ၌ ပထမ အင်ဂျင် ရပ်သွားခဲ့ပြီး အရေးပေါ် ဆင်းသက်သည့်အချိန်၌ ဒုတိယ အင်ဂျင် ရပ်သွားခဲ့ကြောင်း သိရှိရသည်။

ယခုလို လေယာဉ် မတော်တဆမှုတွင် အခြား နာမည်ကျော် သရုပ်ဆောင်များလည်း ဖြစ်ပွားခဲ့ဖူးပြီး သရုပ်ဆောင် Morgan Freeman သည်လည်း အင်ဂျင် ချို့ယွင်းမှုကြောင့် အရေးပေါ် ဆင်းသက်ခဲ့ရကာ သရုပ်ဆောင် Harrison Ford သည်လည်း လေယာဉ် ပျက်ကျခဲ့ရာမှ အသက်ဘေး လွတ်မြောက်ခဲ့သည့် အနုပညာရှင်ဖြစ်ကြောင်း သိရှိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/
လေယာဉ် အင်ဂျင် ချို့ယွင်းမှုကြောင့် အရေးပေါ် ဆင်းသက်ခဲ့ရသည့် သရုပ်ဆောင် Jennifer Lawrence လေယာဉ် အင်ဂျင် ချို့ယွင်းမှုကြောင့် အရေးပေါ် ဆင်းသက်ခဲ့ရသည့် သရုပ်ဆောင် Jennifer Lawrence Reviewed by THITHTOOLWIN on 17:05 Rating: 5
Powered by Blogger.