ဘန်ကောက် မြို့  တပ်မတော် ဆေးရုံနဲ့  တခြား ဗုံးပေါက်ကွဲမှုများ ကျူးလွန်ခဲ့သူအား ဖမ်းမိ


၁၆-၆-၂၀၁၇

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တွင်းမှာ ဖေါက်ခွဲမှုတွေ(၆)ကြိမ် ပြုလုပ်ခဲ့သူ ထိုင်းနိုင်ငံသား လျှက်စစ် အင်ဂျင်နီယာ ၀န်ထမ်းဟောင်း ၀ပ်ထနာ ပုန်မရစ်အသက်(၆၂) နှစ်ကို သူနေထိုင်နေတဲ့ ဘန်ခင်မြို့ နယ် အမရင် လမ်းကနေအိမ်မှာသက်သေခံ ဖေါက်ခွဲရေး အသုံးအဆောင်တွေနဲ့ အတူ မနေ့ ကဖမ်းဆီးခဲ့ကြောင်းသိရပါတယ်။


အစပိုင်းပိုင်း တရားခံက အမှုနဲ့ ပါတ်သက်ပြီး သူမသိ မပါတ်သက်ကြောင်း ငြင်းဆိုနေခဲ့ရာက နောက်ဆုံးတော့ ဆေးရုံမှာ ပေါက်ကွဲမှုမဖြစ်ခင်က CCTV မှတ်တမ်းတွေကို ရဲတပ်ဖွဲ့ က ပြသခဲ့ရာမှာ သူကိုယ်တိုင်ပန်းအိုးပုံလုပ်လာတဲ့ မိုင်းကိုယူလာပြီး ထားခဲ့တဲ့မှတ်တမ်းတွေအရ ငြင်းမရတော့ပဲ အမှုကိုဝန်ခံခဲ့တယ်လို့  ထိုင်းသတင်းတွေမှာဖေါ်ပြထားပါတယ်။


ဝန်ကြီးချုပ်ဟောင်း တက်စင် ချူနာဝပ် (အမှုဖြင့်ထွက်ပြေးနေ)ရဲ့ ရှပ်နီပါတီ အမာခံအဖွဲ့ ဝင်ဖြစ်ပြီး ဘန်ကောက်မြို့  ရှပ်နီ ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့သူဖြစ်ပါတယ်။

တရားခံဟာ ဘန်ကောက်မြို့ တွင်းမှာဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှု ဖြစ်စဉ်ခြောက်ခုကို သူကိုယ်တိုင် ကျူးလွန်ခဲ့တယ်လို့  ၀န်ခံခဲ့ကြောင်းသိရပါတယ်။

SAW
dailynews.
Social Action for Children and Women - SAW
ဘန်ကောက် မြို့  တပ်မတော် ဆေးရုံနဲ့  တခြား ဗုံးပေါက်ကွဲမှုများ ကျူးလွန်ခဲ့သူအား ဖမ်းမိ ဘန်ကောက် မြို့  တပ်မတော် ဆေးရုံနဲ့  တခြား ဗုံးပေါက်ကွဲမှုများ ကျူးလွန်ခဲ့သူအား ဖမ်းမိ Reviewed by THITHTOOLWIN on 19:07 Rating: 5
Powered by Blogger.