တိုယိုတာကားရောင်းမယ့် ကုမ္ပဏီသစ် မြန်မာပြည်မှာ ဖွင့်မယ်


ဂျပန်နိုင်ငံက NEZAS ဦးပိုင် ကုမ္ပဏီဟာ ပထမဆုံးနိုင်ငံခြား အရောင်းကိုယ်စားလှယ်အဖြစ် ရန်ကုန်မြို့မှာ တိုယိုတာမော်တော်ကား အသစ်စက်စက်တွေရောင်းမယ့် အစီအစဉ်နဲ့ မြန်မာနိုင်ငံကို ရောက်ရှိလာပါမယ်။

တိုကျိုမြို့ မြောက်ဘက်နားလေးလောက်မှာ အခြေစိုက်တဲ့ NEZAS ကုမ္ပဏီဟာ မြန်မာနိုင်ငံက ဟင်္သာ အုပ်စု ဦးပိုင်ကုမ္ပဏီနဲ့ မေလမှာ ဖက်စပ်ထူထောင်လိုက်ပါတယ်။
အမေရိကန်ဒေါ်လာ သုံးသန်း ကိုးသိန်းရင်းနှီးမတည်တဲ့ ဒီ ဖက်စပ်ကုမ္ပဏီကို ဟင်္သာ NEZAS ကုမ္ပဏီလို့နာမည်ပေးထားပြီး ဟင်္သာအုပ်စုက ၆၀ % နဲ့ NEZAS ဦးပိုင်က က ၄၀ % ထည့်ဝင်ပါတယ်။

ရန်ကုန်မှာ အရောင်းပြခန်းနဲ့ မော်တော်ယာဉ်ပြုပြင်ထိန်းသိမ်းရေးစက်ရုံထားရှိပြီး နောက်နှစ် ဆောင်းဦးရာသီမှာ မော်တော်ကား စတင်ရောင်းချပါမယ်။

ခုထိ ပြည်တွင်းကုမ္ပဏီတွေကပဲ တိုယိုတာကား အရောင်းအ၀ယ်ပွဲစားလုပ်ပြီး NEZAS ဟာ ဂျပန်နိုင်ငံကနေ မြန်မာ့ကားအရောင်းအ၀ယ်လုပ်ငန်းထဲ ပထမဆုံးထိုးဖောက်လာတဲ့ ကုမ္ပဏီဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/

တိုယိုတာကားရောင်းမယ့် ကုမ္ပဏီသစ် မြန်မာပြည်မှာ ဖွင့်မယ် တိုယိုတာကားရောင်းမယ့် ကုမ္ပဏီသစ် မြန်မာပြည်မှာ ဖွင့်မယ် Reviewed by THITHTOOLWIN on 10:39 Rating: 5
Powered by Blogger.