မွတ်ဆလင် လူနည်းစုနဲ့ ဇတ်နိမ့် ဒါ့လစ်တွေ အပေါ်တိုက်ခိုက်မှုကို ဆန္ဒပြ

 ဒေလီမြို့ Jantar Mantar ကျောက်တိုင် အနီး ဆန္ဒပြသူတွေ
အိန္ဒိယ မှာ မွတ်ဆလင် လူနည်းစုတွေနဲ့ ဟိန္ဒူ ဘာသာ ကိုးကွယ်သူတွေထဲက ဇတ်နိမ့် ဒါ့လစ်တွေကို တိုက်ခိုက်မှု ဆက်တိုက် ဆိုသလို ဖြစ်ခဲ့ပြီးနောက် မြို့ ကြီး တော်တော်များများမှာ ဆန္ဒပြမှုတွေ ရှိခဲ့ပါတယ်။

ကျွဲနွား တိရစ္ဆာန် ကာကွယ် စောင့်ရှောက်ရေး အရပ်ဖက် အဖွဲ့တွေက အခုလို ဆန္ဒပြပွဲတွေ ဉီးဆောင် လှုပ်ရှားခဲ့တာ ဖြစ်ပါတယ်။

တခါ အလံတွေမှာ"Not In My Name" တိုက်ခိုက်သူ စာရင်းမှာ ကျနော်တို့ကျမ တို့ နာမယ် အမည် မပါပါရစေနဲ့ လို့ ရေးထားကြတဲ့ နဖူးစီး အလံတွေ ကိုင်ဆောင်တဲ့ လူအုပ်စု က ဆန္ဒပြခဲ့သလို အခုလို မတရား သတ်ဖြတ်၊ အကြမ်းဖက် စော်ကားမှု တွေ အတွက် ဒေလီမြို့မှာ လူနှစ်ထောင်နီးပါ ပါဝင် ဆန္ဒပြခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက အသက် ၁၆နှစ် အရွယ် မွတ်ဆလင် လူငယ်လေးကို အမဲသား စားတယ်လို့ စွတ်စွဲကာ ဟိန္ဒူအတော်များများ ပါတဲ့ လူအုပ်စုကြီးက သတ်ဖြတ်မှု ဖြစ်ခဲ့ပြီးတဲ့နောက် ရုပ်ရှင် ဒါရိုက်တာ ဆာဘာ ဒီဝမ် ဉီးဆောင်လို့ အခုလို တန်ပြန် ဆန္ဒပြမှုတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အခု နောက်ဆုံး ဖြစ်ရပ်တခုမှာ ဆိုရင် မွတ်ဆလင် လယ်သမား တယောက် ကို သူ့အိမ်ရှေ့ နွားသေတကောင် တွေ့ခဲ့တဲ့အတွက် အကြမ်းဖက် တိုက်ခိုက်ခံရပြီး သူ့အိမ်လည်း မီးရှို့ခံခဲ့ရပါတယ်။

BBC Burmese
http://www.bbc.com/burmese
မွတ်ဆလင် လူနည်းစုနဲ့ ဇတ်နိမ့် ဒါ့လစ်တွေ အပေါ်တိုက်ခိုက်မှုကို ဆန္ဒပြ မွတ်ဆလင် လူနည်းစုနဲ့ ဇတ်နိမ့် ဒါ့လစ်တွေ အပေါ်တိုက်ခိုက်မှုကို ဆန္ဒပြ Reviewed by THITHTOOLWIN on 09:37 Rating: 5
Powered by Blogger.