ကုန်သည်တွေရဲ့ ဘဏ်စာရင်း တရုတ်ဖက်က ပိတ်

( မူဆယ် ၁၀၅ မိုင်ကုန်သည်ရေးဇုံအတွင်း လွှတ်တော်ကိုယ်စားလှယ်တွေ နိုင်ငံရေးပါတီတွေနဲ့  ကုန်သည်တွေ တွေ့ဆုံပွဲကို ဇွန်လ ၁၇ ရက်နေ့က ကျင်းပစဉ် ) Photo: Kan Thar/ RFA
တရုတ်ဘဏ်တွေမှာ အပ်နှံထားတဲ့ မြန်မာနိုင်ငံသား ကုန်သည်တချို့ရဲ့ဘဏ်ငွေစာရင်းတွေ ပိတ်ပင်ခံရတာကြောင့် ကုန်စည်စီးဆင်းမှုတွေ ရပ်တန့်သွားနိုင်တဲ့အထိ အခက်အခဲရှိနေတာကြောင့် ထိရောက်အောင် ဖြေရှင်းပေးဖို့ ဒီနေ့ မူဆယ် ၁၀၅ မိုင်ကုန်သည်ရေးဇုံအတွင်း လွှတ်တော် ကိုယ်စားလှယ်တွေ နိုင်ငံရေးပါတီတွေနဲ့  ကုန်သည်တွေ တွေ့ဆုံပွဲမှာ ကုန်သည်တွေက တောင်းဆိုခဲ့ ကြပါတယ်။

တရုတ်ဘဏ်တွေက ဒီရက်ပိုင်းအတွင်း မြန်မာနိုင်ငံသားတွေရဲ့ ဘဏ်စာရင်းပေါင်းတစ်ထောင် လောက်အထိကို ပိတ်ပင် ထားတာဖြစ်တယ်လို့ မူဆယ် ၁၀၅မိုင်ကုန်သွယ်ရေးဇုံ ပဲ၊ ပြောင်း နှမ်းကုန်စည်ဒိုင် ဒုတိယဥက္ကဌ ဒေါ်ဖြူဖြူ က ပြောပါတယ်။

တရုတ်နိုင်ငံဘက်က ငွေစာရင်းတွေ ဘာကြောင့် ပိတ်တယ်ဆိုတာကို တိတိကျကျကြေညာတာ မရှိသေးသလို ဘဏ်စာရင်းပိတ်တာနဲ့ ပတ်သက်ပြီး ငွေအပ်နှံထားတဲ့ကုန်သည်တွေကို အကြောင်းကြားတာမရှိဘူးလို့ ကုန်သည်တွေက ပြောပါတယ်။

ငွေအပ်နှံထားတဲ့ကုန်သည်တွေ ငွေသွားရောက်ထုတ်ယူရာမှာလည်း တရုတ်နိုင်ငံ ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးတာတွေလည်းရှိနေတယ်လို့ သိရပါတယ်။ တရုတ်ဘဏ်တွေနဲ့ ချိတ်ဆက်ပြီး အခြားနိုင်ငံတွေနဲ့ ငွေလွှဲလုပ်ငန်းလုပ်ကိုင်နေသူတွေကို ငွေအသုံးပြုမယ့်နေရာနဲ့ လုပ်ငန်းတွေကို မေးမြန်းတာတွေရှိနေတယ်လို့လည်း ကုန်သည်တွေက ပြောပါတယ်။

တရုတ်ဘဏ်တွေမှာ ငွေအပ်နှံထားတဲ့ မြန်မာနိုင်ငံသားပေါင်း တစ်ထောင်ဝန်းကျင်အထိ ရှိနေပြီး တစ်ဦးကို အနည်းဆုံး တရုတ်ယွမ်ငွေ ၅သောင်းကနေ သုံးသိန်းကျော်အထိ အပ်နှံထားကြ တာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
ကုန်သည်တွေရဲ့ ဘဏ်စာရင်း တရုတ်ဖက်က ပိတ် ကုန်သည်တွေရဲ့ ဘဏ်စာရင်း တရုတ်ဖက်က ပိတ် Reviewed by THITHTOOLWIN on 18:33 Rating: 5
Powered by Blogger.