ဂျွန်လ ၁၂ ရက် ၂၀၁၇
သီပေါမြို့နယ် စိန်ကျော့အုပ်စု ကုန်းညောင်ရွာမှ အသက် ၉ နှစ်အရွယ် ယိင်းလား ခေါ် နန်းဆိသည် ဂျွန်လ ၇ ရက်နေ့က ရွာတွင်းမင်္ဂလာဆောင် ပွဲသွားမည်ဟုဆိုကာ နေအိမ်မှထွက်ခွါပျောက်ဆုံးသွား ရာမှ သတ်ဖြတ်ခံ ရသည့် ရုပ်အလောင်းအား ၁၁ ရက် ညနေပိုင်းတွင်တွေ့ရှိကြောင်း ဓမ္မကျောင်း မှ ဆရာမက ပြောသည်။
“ကျမတို့ရွာထဲမှာမင်္ဂလာပွဲရှိတယ်။ မနက်စောစောကတည်းက ပွဲသွားမယ် ဆိုပြီးထွက်သွားတာ ညနေလည်း အိမ်ပြန်မရောက်ဘူး။ သူ့မိဘတွေက သူ့ကိုပွဲမှာဘဲရှိနေတယ်လို့ထင်နေကြတာ၊ လိုက်ရှာလဲမတွေ့ဘူး။ နောက် ရက်တွေမှာလဲ ရွာသားတွေကို ခေါ် လိုက်ရှာလဲမတွေ့ဘူး။ နောက်ဆုံးေ တာ့ ရွာပြင်ဘက် (တောင်ပိုင်း ) လယ် တောနားမှာ အပုပ်နံ့ထွက်နေ တာနဲ့ ရွာသားတွေသွားကြည့်တော့ ခြုံပုပ်ကြားကသစ်ကိုင်းပေါ်မှာ ပုပ်ပွနေပြီ။ သတ်ပြီး ခြေတွေလက်တွေကိုကြိုးနဲ့ချည်ထားတာ။ ပုံစံက အဓမ္မပြု ကျင့်ခံ ထားရပုံဘဲလို့ အားလုံး ပြောကြတယ်” - ဟု ဓမ္မကျောင်းဆရာမ နန်းလင်းကပြောသည်။
လက်ရှိတွင်ယိင်းလားအား သတ်ဖြတ်သည့်လက်သည်ကိုရွာသားများ၊ ဒေသခံ ဌာနပြည်သူ့စစ်များ၊ ရပ်မိရပ်ဖများက စုံစမ်းရှာဖွေနေ ဆဲဖြ စ်ကြောင်း ဆိုပါသည်။
မုဒိန်းကျင့်သတ်ဖြတ်ခံရသည်ဟု ရွာသားများပြောဆိုနေကြသော် လည်း သျှမ်းသံတော်ဆင့်မှ သီးခြားအတည်ပြုချက် မရရှိသေးပေ။
အသက် ၉ နှစ်အရွယ် ယိင်းလားသည် သီပေါမြို့နယ် စိန်ကျော့အုပ်စု ကုန်းညောင်ရွာမှ လုံးစိုင်းတွမ် ပါ့မွမ်းတို့၏ သမီးဖြစ်သည်။ ဝပ်တိမွမ်းကျောင်းတိုက် ဓမ္မကျောင်းမှ ကျောင်းသူတဦးဖြစ်သည်။
သျှမ်းသံတော်ဆင့်
Panglong(Burmese)
https://www.facebook.com/Panglong.burmese