ရပ်ထားသည့် သစ်တင်ကား ဆီဘောက်ဆာယာဉ်ဝင်တိုက်၍ တစ်ဦးသေ


ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ မြို့သစ်နယ်မြေ ရန်ကုန်-မန္တလေး လမ်းဟောင်းမှာ မေ(၃၁)ရက် နံနက်(၂)နာရီဝန်းကျင်က ရပ်ထားတဲ့ သစ်တင်ကားကို ဆီဘောက်ဆာယာဉ်နောက်ကနေ ၀င်တိုက်မှုဖြစ်ပွားပြီး လူတစ်ဦးသေဆုံးမှုဖြစ်ပွားတယ်လို့ သိရပါတယ်။


 ဖြစ်စဉ်မှာ ရန်ကုန်-မန္တလေး ကားလမ်းဟောင်းတပင်ရွှေထီးရပ်ကွက်မိုင်တိုင်အမှတ် (၁၈၄)မိုင်(၇)ဖာလုံအနီးမှာ ရပ်စောက်မြို့ စီနိုအမျိုးအစား (၂၂)ဘီး အဖြူရောင်သစ်တင်တွဲကားဟာ အင်ဂျင်ဝိုင်ယိုနေတာကြောင့် ယာဉ်ကို လမ်းဘေးချရပ်ထားကာ ပြင်ဆင်နေစဉ် နောက်ကနေ မစ်ဆူဗစ်ရှီ (၂၂)ဘီး ဆီဘောက်ဆာယာဉ်ကဝင်ရောက်တိုက်မိခဲ့ရာသစ်တင်တွဲကားယာဉ်မောင်းဟာ အခင်းဖြစ်နေရာမှာ ပွဲချင်းပြီးသေဆုံးခဲ့ပြီး ယာဉ်မှာဦးခေါင်းကြေမွပျက်စီးခဲ့ရာခန့်မှန်းကာလတန်ဖိုး သိန်း (၂၀) ခန့်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။


 ဖြစ်စဉ်နဲ့ပတ်သက်ပြီး တောင်ငူမြို့သစ်ရဲစခန်းက ယာဉ်(ပ)၄/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က နဲ့အမှုဖွင့်လှစ်အရေးယူထားကြောင်းသိရပါတယ်။ ဒီသတင်းကို ဖြိုးကိုလင်း(ညောင်ဝိုင်း)ပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb/
ရပ်ထားသည့် သစ်တင်ကား ဆီဘောက်ဆာယာဉ်ဝင်တိုက်၍ တစ်ဦးသေ ရပ်ထားသည့် သစ်တင်ကား ဆီဘောက်ဆာယာဉ်ဝင်တိုက်၍ တစ်ဦးသေ Reviewed by THITHTOOLWIN on 09:57 Rating: 5
Powered by Blogger.