ဆီးရီးယား အစိုးရ က အချုပ်သား ၆၇၂ ဦး ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့

ဆီးရီးယား နိုင်ငံ အလံ ဖြင့် အောင်ပွဲခံနေသူ တစ်ဦးအား မြင်တွေ့ရစဉ်(ဆင်ဟွာ)
   ဒမတ်စကက်စ် ၊ ဇွန် ၂၅ ရက် (ဆင်ဟွာ)

    ဆီးရီးယား အစိုးရ က တိုင်းရင်းသားလူမျိုးအကြား ပိုမို သင့်မြတ်စေရန် အတွက် ဆီးရီးယား နိုင်ငံ အတွင်းရှိ အချုပ်သား ၆၇၂ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ကြောင်း ဇွန်လ ၂၄ ရက်နေ့က ထုတ်ပြန်ကြေညာ ခဲ့သည်။

ဆီးရီးယား နိုင်ငံပိုင် သတင်းဌာန ၏ ဖော်ပြချက်အရ ဆီးရီးယား နိုင်ငံ ဥပဒေရေးရာဌာန ဝန်ကြီး က ယခု လွတ်ငြိမ်းချမ်းသာ ခွင့်ပေးခဲ့သည့် အချုပ်သား ၆၇၂ ဦးသည် ဆီးရီးယား နိုင်ငံ ဒေသ အသီးသီး မှ ဖြစ်ကြပြီး ၄င်းတို့အနက် အမျိုးသမီး ၉၁ ဦး ပါဝင်ကြောင်း ၊ ယခုကဲ့သို့ အချုပ်သားများကို လွှတ်ခဲ့ခြင်းသည် ပြည်သူလူထုအား ဂရုဏာ ထားခြင်း နှင့် တိုင်းရင်းသားလူမျိုးအကြား ပိုမို သင့်မြတ်စေလိုခြင်းကြောင့် ဖြစ်ကြောင်း ၊ လွတ်ငြိမ်းချမ်းသာခွင့် ရရှိသူများအနေဖြင့် နိုင်ငံ တည်ဆောက်ရေး တွင် တက်ကြွစွာ ပါဝင်သွားစေလိုကြောင်း ပြောကြား ခဲ့သည်ဟု သိရှိရသည်။

ဆီးရီးယား နိုင်ငံ အစိုးရ အတိုက်အခံ ပါတီ က ဆီးရီးယား ပြည်တွင်းစစ် ဖြစ်ပွားချိန်မှ စတင်၍ အစိုးရ အနေဖြင့် ထောင်သောင်းချီသော ဆီးရီးယား နိုင်ငံသား များကို ဖမ်းဆီး ခဲ့ကြောင်း နှင့် ပြန်လည် လွတ်မြောက်ခွင့်ပေးရန် တောင်းဆိုခဲ့သည်။ ယခုနှစ်ပိုင်းတွင် ဆီးရီးယား နိုင်ငံ အစိုးရ သည် တိုင်းရင်းသားလူမျိုးအကြား ပြန်လည်သင့်မြတ်ရေး အတွက် ပမာဏကြီးမားသော အချုပ်သားလွတ်ငြိမ်းချမ်းသာခွင့်ပေးမှု ကို အကြိမ်ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

(Xinhua)
http://www.xinhuamyanmar.com
ဆီးရီးယား အစိုးရ က အချုပ်သား ၆၇၂ ဦး ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ ဆီးရီးယား အစိုးရ က အချုပ်သား ၆၇၂ ဦး ကို  လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ Reviewed by THITHTOOLWIN on 23:06 Rating: 5
Powered by Blogger.