ပြည်-တောင်ကုတ်ကားလမ်းတွင် အဆက်မပြတ်မိုးရွာသွန်းမှုနှင့်အတူ မြေပြိုမှုကြောင့် သွားလာရေးခက်ခဲ နေ


ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ပြည်-တောင်ကုတ်ကားလမ်း၊ ရခိုင်ရိုးမပေါ်ရှိ အောင်သပြေရွာနှင့် မိုက်ခရို ရွာကြားတွင် အဆက်မပြတ်မိုးရွာသွန်းမှုများကြောင့် မြေပြိုကျမှုများဖြစ်ပေါ်ကာ သွားရေးလာရေးများ အခက် အခဲဖြစ်နေကြောင်း ပြည်-တောင်ကုတ်ကားလိုင်းများနှင့် ခရီးသွားများထံမှ သိရှိရသည်။

အဆိုပါနေရာမှာ ဇွန် ၁၂ ရက်၊ ညပိုင်းမှစ၍ တဖြည်းဖြည်းပြိုကျနေပြီး လမ်းဘေးတွင် ကာထားသော အ မှတ်အသားတိုင်များ ကွန်ကရက်မြေထိန်းနံရံများပါ မြေပြိုရာတွင် ပါသွားသဖြင့် အဆိုပါ နေရာတွင် ပြုပြင်မှုများ ပြုလုပ်လျှက်ရှိကြောင်း သိရသည်။
“အသွားတုန်းက ဘေးကတိုင်တွေရှိသေးတယ်။ ညကပြန်လာတော့ အဲဒီတိုင်တွေပါမရှိတော့ဘူး။ ကတ္တရာလမ်း ပဲကျန်တော့တာ။ ပြန်ပြင်တာတွေတော့ လုပ်နေကြပြီ။ မြူတွေကလည်း အရမ်းထူတော့ ကားမီးလည်းမနိုင်ဘူး။ ဖြည်းဖြည်းချင်း မောင်းနေရတာ။”ဟု ပြည်မြို့မှ တောင်ကုတ်မြို့သို့ ကားဝါယာရိန်းလုပ်ငန်း သွားရောက် လုပ်ကိုင်သူ ကိုဘိုတောက်က ပြောသည်။

ပြည်-တောင်ကုတ်ယာဉ်လိုင်းအများစုမှာ ခရီးစဉ်အား ပုံမှန်ဆက်လက်ပြေးဆွဲနေကြပြီး ကားလမ်းသည် ကား လေးများသွားရန် အဆင်ပြေသော်လည်း ကားကြီးများအတွက် အန္တရာယ်ရှိနိုင်ကြောင်း ယာဉ်မောင်းအချို့ထံမှ သိရသည်။
"ကားလေးရော၊ ကားကြီးရော သွားလို့တော့ရပါတယ်။ မသွားရဲတဲ့လူတွေ၊ အစိမ်းသက်သက်ဖြစ်နေတဲ့သူတွေ အတွက်က အန္တရာယ်ရှိတယ်ပေါ့။ လမ်းဘေးတလျှောက်ကလည်း ချောက်တွေချည်းပဲဆိုတော့ သွားနေကျကား တွေကတော့ လမ်းအကြောင်းသိနေတော့ သွားတာပါပဲ။ သွားနေကျလူတွေကတော့သိလို့ တစ်စီးနဲ့တစ်စီး စောင့်မောင်းရတယ်။ အခုရက်ပိုင်း မြူကတော့များတယ်။"ဟု ပြည်-တောင်ကုတ် ရွှေခြင်္သေ့ယာဉ်လိုင်းမှ ယာဉ်မောင်း ဦးထွန်းမင်းကပြောသည်။

 ပြည်-တောင်ကုတ်ကားလမ်းပိုင်းမှာ မိုးတွင်းကာလအတွင်း နှစ်စဉ် ဇူလိုင်လမှ စက်တင်ဘာလကုန်အထိ ကား ကြီးများဖြတ်သန်းသွားလာခွင့် ပိတ်ထားလေ့ရှိပြီး ယခုနှစ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုနှင့်အတူ မြေပြိုခြင်းအ ခြေအနေများကို ယခင်နှစ်များထက်စော၍ ကြုံတွေ့နေရကြောင်း သိရသည်။

အဆိုပါ လမ်းမှ ကုန်စည်စီးဆင်းမှုများအဖြစ် ဂေါ်ဖီ၊ ကြက်သွန်၊ ကုန်စိမ်းများကို တင်ပို့လေ့ရှိပြီး ရခိုင်ပြည်နယ် ဘက်မှ ငါးပိ၊ ငါးခြောက်အစရှိသည့်ကုန်ခြောက်များကို ပြန်လည်သယ်ယူလေ့ရှိကြောင်း ပြည်-တောင်ကုတ် ယာဉ်လိုင်းများထံမှ သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/
ပြည်-တောင်ကုတ်ကားလမ်းတွင် အဆက်မပြတ်မိုးရွာသွန်းမှုနှင့်အတူ မြေပြိုမှုကြောင့် သွားလာရေးခက်ခဲ နေ  ပြည်-တောင်ကုတ်ကားလမ်းတွင် အဆက်မပြတ်မိုးရွာသွန်းမှုနှင့်အတူ မြေပြိုမှုကြောင့် သွားလာရေးခက်ခဲ နေ Reviewed by THITHTOOLWIN on 21:02 Rating: 5
Powered by Blogger.