မုဒိမ်းမှုကျူးလွန်သူကို အလုပ်နှင့်ထောင်ဒဏ် အနှစ်၂ဝ ချမှတ်


မန္တလေး ဇွန် ၂၈

အမရပူရမြို့နယ် ဖျောက်ဆိတ်ကုန်းကျေးရွာ သံရည်ကျို ရပ်ကွက်နေ ဒေါ်သီသီခိုင်သည် ဖေဖော်ဝါရီ ၂ဝ ရက် နံနက် ၃ နာရီခန့်က ၄င်း၏သမီးနှင့်အတူ အိပ်နေစဉ် ခြင်ထောင်အတွင်း သို့ တစ်ရပ်ကွက်တည်းနေ အဒေါ်ဖြစ်သူ၏ခင်ပွန်း ကျော်စိုး ဝင်ရောက်လာပြီး ဒေါ်သီသီခိုင်၏သမီးဖြစ်သူ မ------------- (၁၂ နှစ်)၏ အဝတ်အစားများကို ဆွဲချွတ်မှုပြုလုပ်ခဲ့သည်။

ဒေါ်သီသီခိုင်က သမီးဖြစ်သူအား မေးမြန်းရာတွင် ၄င်းနှင့် ကျော်စိုးဆိုသူတို့ နတ်တော်လအတွင်းက -----ရပ်ကွက်သို့ ကန်စွန်းရွက်ခူးရန် အတူသွားရောက်ခဲ့စဉ်က လူမနေသည့် တဲအတွင်းသို့ ခေါ်ဆောင်ကာ သားမယားအဖြစ် နှစ်ကြိမ် ပြုကျင့်ခဲ့ကြောင်း ပြောပြသဖြင့် မြစ်ငယ်ရဲစခန်းသို့ တိုင်တန်း ခဲ့သည်။

အဆိုပါအမှုအား မန္တလေးခရိုင်တရားရုံးမှ ရာဇဝတ်ကြီး မှု အမှတ် ၅၅/၂ဝ၁၇ ဖြင့် လက်ခံစစ်ဆေးခဲ့ပြီး ရာဇသတ်ကြီး ပုဒ်မ ၃၇၆ အရ ပြစ်မှုထင်ရှားသဖြင့် တရားခံကျော်စိုးအား ဇွန် ၂၇ ရက်တွင် အလုပ်နှင့် ထောင်ဒဏ် အနှစ် ၂ဝ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

တင်မောင်(မန်းကိုယ်ပွား)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
မုဒိမ်းမှုကျူးလွန်သူကို အလုပ်နှင့်ထောင်ဒဏ် အနှစ်၂ဝ ချမှတ် မုဒိမ်းမှုကျူးလွန်သူကို အလုပ်နှင့်ထောင်ဒဏ် အနှစ်၂ဝ ချမှတ် Reviewed by THITHTOOLWIN on 10:39 Rating: 5
Powered by Blogger.