မွေးရာပါစိတ်မနှံ့သူက စိတ်ဖောက်ပြန်ပြီး အစ်မဖြစ်သူကို ပေါက်တူးဖြင့် ရိုက်သတ်


မကွေး ဇွန် ၁၇

ချောက်မြို့နယ်လင်းတကိုင်းကျေးရွာတွင် ဇွန်လ ၁၅ ရက်က စိတ်မနှံ့ သောမောင်ဖြစ်သူက အစ်မဖြစ်သူအား စိတ်ဖောက်ပြန်ကာ ပေါက်တူး ဖြင့် ရိုက်သတ်မှုဖြစ်ပွားခဲ့ကြောင်း ချောက်မြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ ဦးလှသန်း(၆၄နှစ်) လင်းတကိုင်းကျေးရွာနေသူသည် ဇွန်လ ၁၅ ရက်နံနက် ၁၁နာရီခွဲက နေအိမ်၌ရှိနေစဉ် တစ်ရွာ တည်းနေချွေးမတော်စပ်သူ မသန်းသန်းမြ(၄၄နှစ်)နှင့်၎င်း၏မောင် ဖြစ်သူကျော်မြင့်(မွေးရာပါစိတ်မနှံ့သူ) (၃၅နှစ်)တို့မှာ လင်းတကိုင်း ကျေးရွာ၏အရှေ့မြောက်ဘက်တစ်မိုင်ခန့်အကွာရှိ ၄င်းတို့၏မိဘ များပိုင်ယာမြေအတွင်း ထန်းပင်ပေါက်များတူး၍ပုံနေစဉ် ကျော်မြင့်က ရုတ်တရက်စိတ်ဖောက်ပြန်ပြီး မသန်းသန်းမြအား ပေါက်တူးဖြင့် ဦးခေါင်းကို ရိုက်နှက်ခဲ့ရာ မသန်းသန်းမြတွင် ယာဘက် နားထင် ချိုင့်ဝင်ပေါက်ပြဲဒဏ်ရာ၊ ဝဲနားပေါက်ပြဲဒဏ်ရာ၊ ဝဲပါးပေါက်ပြဲ ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးနေကြောင်း ကျေးရွာသူ ကျေးရွာသားများက ပြောပြသိရှိခဲ့ခြင်းဖြစ်ကြောင်း တရားလို၏ တိုင်ကြားချက်အရ သိရသည်။

 ဖြစ်စဉ်နှင့်ပတ်သက်၍ ကျော်မြင့် ကို အရေးယူပေးပါရန် ဦးလှသန်းက တရားလိုပြုလုပ်တိုင်ကြား ခဲ့၍ ချောက်မြို့နယ် မြို့မရဲစခန်းက (ပ)၁၅၁/၂ဝ၁၇၊ ရာဇသတ် ကြီးပုဒ်မ ၃ဝ၂ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

နွယ်နွယ်(မကွေး)
The Union Daily
https://www.facebook.com/uniondaily.net/

မွေးရာပါစိတ်မနှံ့သူက စိတ်ဖောက်ပြန်ပြီး အစ်မဖြစ်သူကို ပေါက်တူးဖြင့် ရိုက်သတ် မွေးရာပါစိတ်မနှံ့သူက စိတ်ဖောက်ပြန်ပြီး အစ်မဖြစ်သူကို ပေါက်တူးဖြင့် ရိုက်သတ် Reviewed by THITHTOOLWIN on 20:56 Rating: 5
Powered by Blogger.