အကြမ်းဖက်သင်တန်း တက်ရာက်သူများအား ထောက်ပံ့ပေးနေသူ ၁ ဦးသေဆုံး ၊ သေဆုံးမှုအား ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးလျက်ရှိ


ဇွန် ၂၈၊၂၀၁၇

အကြမ်းဖက်သင်တန်း တက်ရောက်သူများအား ထောက်ပံ့ပေးနေသူ မောင်တောမြို့နယ်၊ ဘဂုံးနားအနောက်ရွာနေ မော်လဝီ အူမောဆာဒက် ဆေးရုံတွင် သေဆုံးခဲ့ပြီး ယင်းသေဆုံးခဲ့မှုအား ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

ဇွန် ၁၇ ရက်နေ့က မောင်တောမြို့နယ် ဖွေရာရွာနေ တပ်ဦးချောင်းကျေးရွာ အုပ်စုတာဝန်ခံ အာမိအာလီ ၃၈ နှစ် ၏ နေအိမ်ပေါ်သို့ မျက်နှာဖုံးဝတ်ဆင်ထားသည့် လူ ၁၀ ဦးခန့်မှ ၀င်ရောက်လာကာ ဓားဖြင့်ခုတ်သတ်ခဲ့ပြီး ပတ်ဝန်းကျင်မှ ၀ိုင်းဝန်းဖမ်းဆီးစဉ် သေနတ် ၅ ချက်ခန့် ပစ်ဖောက်ထွက်ပြေးသွားခဲ့သည့် အမှုမှ ဆက်စပ်တရားခံ မာမောက်တော်ယု (၅၂) နှစ် သည် ဘဂုံးနားအလယ်ရွာ၌ ရောက်ရှိနေကြောင်း သတင်းအရ ဇွန် ၂၅ ရက် နံနက် ၈ နာရီတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ဖမ်းဆီးခဲ့ပြီး မကျီးချောင်းနယ်မြေစခန်းတွင် စစ်ဆေးလျက်ရှိကြောင်း ဇွန် ၂၆ ရက်နေ့က သတင်းထုတ်ပြန်ထားပြီး ဖြစ်သည်။

ဖမ်းဆီးရမိသူ မာမောက်တော်ယု ၏ ထွက်ဆိုချက်အရ ဇွန် ၂၆ ရက် ညနေ ၆ နာရီတွင် ဘဂုံးနားအနောက်ရွာနေ အကြမ်းဖက်သင်တန်းတက်ရောက်သူများအား ထောက်ပံပေးနေသူ မော်လဝီ အူမောဆာဒက် ၃၃ နှစ် ကို ထပ်မံ ဖမ်းဆီးရမိပြီး ဆက်လက်စစ်ဆေးမေးမြန်းရာ တစ်ရွာတည်းနေ ဆော်လိမ်(စိစစ်ဆဲ) (ယခုပြည်ပနိုင်ငံနေသူ) က မောင်တောမြို့မှ တစ်ဆင့် ငွေကြေးထောက်ပံလွှဲပြောင်း ပေးနေကြောင်း ထွက်ဆိုခဲ့သည်။

မာမောက်တော်ယု နှင့် မော်လဝီ အူမောဆာဒက် တို့အား ည ၁၀ နာရီတွင် မျက်နှာချင်းဆိုင် အပြန်အလှန် စစ်ဆေးမေးမြန်းရာ မော်လဝီ အူမောဆာဒက် မှာ ရင်ဘတ်အောင့်သည်ပြောကာ ထိုင်နေရာမှလဲကျသွားသဖြင့် မောင်တောဆေးရုံသို့ ပို့ဆောင်ကုသမှုခံယူစဉ် ည ၁၁ နာရီ ၁၅မိနစ်တွင်သေဆုံးခဲ့သည်။ သေဆုံးသူ မော်လဝီ အူမောဆာဒက် သည် လွန်ခဲ့သော ၁၀ နှစ်ခန့်က နှလုံးရောဂါရှိသူဖြစ်ပြီး ဆရာဝန်၏ရင်ခွဲစစ်ဆေးချက်အရ ရုတ်တရက် နှလုံးခုန်ရပ်ကာ သေဆုံးရခြင်းဖြစ်ကြောင်းသိရသည်။

မော်လ၀ီအူမောဆာဒက် သေဆုံးခဲ့မှုဖြစ်စဉ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးရေးခုံရုံး ဖွဲ့စည်းပြီး စုံစမ်း စစ်ဆေးလျက်ရှိကြောင်း သိရသည်။

(နိုင်ငံတော်အတိုင်ပင်ရုံး၊ သတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/MyanmarSCOInfoCom/
အကြမ်းဖက်သင်တန်း တက်ရာက်သူများအား ထောက်ပံ့ပေးနေသူ ၁ ဦးသေဆုံး ၊ သေဆုံးမှုအား ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးလျက်ရှိ အကြမ်းဖက်သင်တန်း တက်ရာက်သူများအား ထောက်ပံ့ပေးနေသူ ၁ ဦးသေဆုံး ၊ သေဆုံးမှုအား ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးလျက်ရှိ Reviewed by THITHTOOLWIN on 00:01 Rating: 5
Powered by Blogger.