လန်ဒန် မြောက်ပိုင်းမှာ ကားနဲ့ဝင်တိုက်မှု ဖြစ်

လူတစ်ယောက်ကို ဖမ်းဆီးလိုက်
လန်ဒန် မြောက်ပိုင်းက Finsbury Park အရပ် မှာ လမ်းသွား လမ်းလာ လူတွေ ကြားထဲကို ကားတစ်စီး က မောင်းဝင် တိုက်ခိုက် ခဲ့တဲ့ အတွက် လူ အတော် များများ ထိခိုက် ဒဏ်ရာ ရသွားခဲ့ပါတယ်။

အဲဒီ အခင်း ဖြစ်ပွားရာ Seven sisters (ဆဲဗင်း စစ်စတာ) ရပ်ကွက် မှာ လူတစ်ယောက်ကို ဖမ်းဆီး ရမိထားတယ်လို့ လန်ဒန် ရဲတပ်ဖွဲ့ က ပြောပါတယ်။

ဒေသ စံတော်ချိန် ည ဆယ့်နှစ်နာရီ နဲ့ မိနစ် ၂၀ အချိန် မှာ အခင်း ဖြစ်ပွား ခဲ့တာ ဖြစ်ပြီး အဓိက မှုခင်း ကြီး တစ်ခု အဖြစ် ရဲတပ်ဖွဲ့ က ကိုင်တွယ် ဆောင်ရွက် နေပါတယ်။

ထိခိုက် ဒဏ်ရာ ရရှိမှု နဲ့ သေဆုံးမှု သတင်း ကို တော့ အခုချိန် အထိ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

အခု ဖြစ်ရပ် က အကြမ်းဖက် တိုက်ခိုက်မှု ဟုတ် မဟုတ် ဆိုတာ ကို စိစစ် နေတယ်လို့ လည်း ရဲ က သတင်း ထုတ်ပြန်ပါတယ်။

အခင်း ဖြစ်ပွားရာ နေရာ ကို လူနာတင် ကား အများ အပြား စေလွှတ် ထားကြောင်း ဗြိတိန် ကျန်းမာရေး ဌာန က သတင်း ထုတ်ပြန် ထားပါတယ်။

BBC Burmese
http://www.bbc.com/burmese
လန်ဒန် မြောက်ပိုင်းမှာ ကားနဲ့ဝင်တိုက်မှု ဖြစ် လန်ဒန် မြောက်ပိုင်းမှာ ကားနဲ့ဝင်တိုက်မှု ဖြစ် Reviewed by THITHTOOLWIN on 08:43 Rating: 5
Powered by Blogger.