သင်္ဃန်းကျွန်း ကညနရုံးခန်းအတွင်း ပစ္စည်းများ ဖောက်ထွင်းခိုးယူခံရ


ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ် ၊ စံပြရပ်ကွက် ၊ သံသုမာလမ်းက ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန အနောက်ပိုင်းခရိုင်ရုံး (ယာဉ်မှတ်ပုံတင်ဌာန) မှာ ဇွန်လ (၂၃)ရက် ညဦးပိုင်းက ဖောက်ထွင်းခံခဲ့ရပြီး ယာဉ်မှတ်ပုံတင် လက်မှတ် ၊ သက်သေခံလက်မှတ် နဲ့ Hologram ရွှေရောင်(လုံခြုံရေးအဆင့်အတန်းဝင် ) ပစ္စည်းအများအပြား ဖောက်ထွင်းခိုးယူခံခဲ့ရတယ်လို့ ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန အနောက်ပိုင်းခရိုင်ရုံးက တာဝန်ရှိသူတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

 ဖောက်ထွင်းခိုးယူခံခဲ့ရတဲ့ ယာဉ်မှတ်ပုံတင်ဌာနရဲ့ ယာဉ်မှတ်ပုံတင် လက်မှတ်ထားရှိတဲ့ အံဆွဲအတွင်းက ယာဉ်မှတ်ပုံတင် သက်သေခံလက်မှတ် (၅၈၈) ခုနဲ့ Hologram ရွှေရောင်(လုံခြုံရေးအဆင့်အတန်းဝင် ) ပစ္စည်း (၁၁၈)ခု ပါရှိသွားတဲ့အတွက် ဇွန် (၂၄)ရက်က သင်္ဃန်းကျွန်းမြို့မရဲစခန်းမှာ တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။

 ခိုးယူခံခဲ့ရတဲ့ ပစ္စည်းတွေရဲ့ တန်ဖိုးက သိပ်မများပေမယ့် လုံခြုံရေးအဆင့်အတန်းဝင်ပစ္စည်းတွေ အခိုးခံရတာဟာ ဇွန်လ (၂၃)ရက် ညပိုင်းကဖြစ်ပြီး နောက်ရက်မနက်ရုံးတက်လို့တံခါးဖွင့်တဲ့အချိန်မှာ ပစ္စည်းတွေ ပြန့်ကျဲနေတာကို တွေ့ရှိရတဲ့အတွက် အခိုးခံရတာ ကိုသိကာ ဇွန်လ(၂၄)ရက်မှာ အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။

 အခုချိန်မှာ စုံစမ်းစစ်ဆေးနေတဲ့ အပိုင်းမှာပဲရှိသေးတယ်လို့ ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန အနောက်ပိုင်းခရိုင်ရုံးက တာဝန်ရှိသူတွေရဲ့ပြောပြချက်အရ သိရပါတယ်။

 ကညနရုံးလျှောက်လမ်းတစ်လျှောက် (CCTY)တွေတပ်ထားပေမယ့်လည်း ပစ္စည်းခိုးခံရတဲ့အခန်းကိုတော့ (CCTY)မတပ်ထားတဲ့အတွက် ၀င်ရောက်ခိုးယူခဲ့တဲ့ သူကတခြားနေရာကနေ ၀င်ရောက်ခိုးယူခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ကညနရုံး သက်တမ်းတစ်လျှောက် ပထမဆုံးအကြိမ် ဖောက်ထွင်းခံရတာ ဖြစ်တဲ့အတွက် အရင်ကလုံခြုံအောင်လုပ်ထားခဲ့တာထက် ပိုပြီးလုံခြုံအောင်လုပ်ဆောင်သွားမှာ ဖြစ်ပြီး ခိုးတဲ့သူတွေအနေနဲ့ ဒီပစ္စည်းတွေကို တရားမ၀င်ယာဉ်တွေမှာ အသုံးပြုဖို့ ရည်ရွယ်ချက်နဲ့ ခိုးယူတယ်လို့ ယူဆမိကြောင်း က.ည.နက တာဝန်ရှိသူက သုံးသပ်ပြောကြားခဲ့ပါတယ်။

ကညနရုံးခန်းအတွင်း ဖောက်ထွင်းခိုးယူခံရတာနဲ့ ပတ်သက်လို့ သင်္ဃန်းကျွန်းမြို့မရဲစခန်းက ပြည်သူပိုင်ပစ္စည်းကာကွယ်စောင့်ရှောက်ရေးအက်ဥပဒေ ပုဒ်မ ၆(၁)နဲ့ အမှုဖွင့် စုံစမ်းနေတယ်လို့ သိရပါတယ်။ ဒီသတင်းကို Central News Bureau က စုစုစံ ပေးပို့ထားတာ ဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb
သင်္ဃန်းကျွန်း ကညနရုံးခန်းအတွင်း ပစ္စည်းများ ဖောက်ထွင်းခိုးယူခံရ သင်္ဃန်းကျွန်း ကညနရုံးခန်းအတွင်း ပစ္စည်းများ ဖောက်ထွင်းခိုးယူခံရ Reviewed by THITHTOOLWIN on 10:29 Rating: 5
Powered by Blogger.