ပုသိမ် - ငွေဆောင်လမ်းပေါ်တွင် ဆိုင်ကယ်မှောက်သဖြင့် သံဃာတော်တပါး ပျံလွန်တော်မူ


ဇွန်လ ၁၆ (ပုသိမ်)

ပုသိမ်မြို့နှင့် ငွေဆောင်ကမ်းခြေ ဆက်သွယ်ထားသည့် ပုသိမ် - ငွေဆောင်လမ်းပေါ်ရှိ မဒေါ့ကုန်းကျေးရွာအနီးတွင် ယနေ့ နေ့လည်ပိုင်းက ဆိုင်ကယ်တိမ်းမှောက်မှု ဖြစ်ပွားပြီး သံဃာတော်တပါး ပျံလွန်တော်မူခဲ့ကြောင်း သတင်းရရှိသည်။

ပျံလွန်တော်မူခဲ့သော ဆရာတော်မှာ ငွေ​ဆောင်​မြို့နယ်​ ​ကျောက်​ဖျာအုပ်​စု ဇီးဖြူကွင်း ကျောင်းထိုင်​ဆရာ​တော်​ဖြစ်ပြီး ပုသိမ်​မှအပြန် ဆိုင်ကယ်အနောက်မှထိုင်လိုက်လာစဉ် မတော်တဆမှုဖြစ်ကာ ပျံလွန်တော်မူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆိုင်ကယ်မှာ သလပ်ခွာကျေးရွာအပိုင် မဒေါ့ကုန်းကျေးရွာအနီးတွင် လမ်းဘေးသို့ ထိုးကျခဲ့ပြီး ဆိုင်ကယ်နောက်တွင် လိုက်ပါစီးနင်းခဲ့သည့် ကျောင်းထိုင်ဆရာတော်မှာ ဓာတ်တိုင်နှင့် ခေါင်းဆောင့်မိခဲ့သည့်အတွက် အဆိုပါ ဒဏ်ရာဖြင့် ပွဲချင်းပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်းဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

အဆိုပါ သေဆုံးမှုနှင့်ပတ်သတ်၍ သလပ်ခွာနယ်မြေရဲစခန်းထံသို့ ဧရာဝတီတိုင်းမ်က ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းကိုင် ဖြေကြားခြင်း မရှိပါ။

ဧရာဝတီတိုင်းမ်
Ayeyarwaddy Times
https://www.facebook.com/ayetimes/
ပုသိမ် - ငွေဆောင်လမ်းပေါ်တွင် ဆိုင်ကယ်မှောက်သဖြင့် သံဃာတော်တပါး ပျံလွန်တော်မူ ပုသိမ် - ငွေဆောင်လမ်းပေါ်တွင် ဆိုင်ကယ်မှောက်သဖြင့် သံဃာတော်တပါး ပျံလွန်တော်မူ Reviewed by THITHTOOLWIN on 19:07 Rating: 5
Powered by Blogger.