မိုးသည်းထန်သဖြင့် ကော့သောင်း-ဘုတ်ပြင်းလမ်းပေါ် ရေကျော်မှုဖြစ်ပွား


ကော့သောင်း ဇွန် ၂၃

တနင်္သာရီတိုင်းဒေသကြီး ၊ ကော့သောင်းမြို့ တွင် ဇွန်လ ၂၂ ရက်နေ့ညနေပိုင်းက မိုးသည်းထန်စွာရွာသွန်းသဖြင့် ပြည်ထောင်စုလမ်းမကြီး ၏ ကော့သောင်း-ဘုတ်ပြင်း လမ်းပိုင်း မလိဝမ်းကျေးရွာအထွက် တွင် ကားလမ်းမပေါ်ရေလျှံ ရေကျော် မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။


အဆိုပါလမ်းပိုင်း ၏ ၀ဲဘက် တွင် တောင်ကုန်းတောင်တန်းများပေါ် မှ မိုးသည်းထန်သဖြင့် စီးဆင်းလာသည့် ရေများ နှင့်အတူ အမှိုက်သရိုက်များ ပါရှိလာပြီး လမ်းဖြတ်ရေပြွန် ပိတ်ဆို့ မှု ဖြစ်ကာ ပြည်ထောင်စုလမ်းမကြီး ပေါ်ရေလျှံ ရေကျော် သဖြင့် ဖြတ်သန်းသွားလာနေကြသည့် မော်တော်ယာဉ်များ ၊ မော်တော်ဆိုင်ကယ် များ ရပ်နားထားခဲ့ရကြောင်း ၊ အဆိုပါနေရာရှိ လမ်းဖြတ်ရေပြွန်မှာ ကျဉ်းမြောင်းမှုကြောင့် မိုးသည်းထန်စွာရွာသွန်းချိန်များတွင် တောင်ကြောများပေါ်မှ အလုံးအရင်းဖြင့်စီးဆင်းလာသည့် ရေ နှင့် အတူ အမှိုက်သရိုက် များပိတ်ဆို့ မှုကြောင့် ကားလမ်းမပေါ် ရေကျော်စီးဆင်း ကာ လမ်းပျက်စီးမှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်မိကြောင်း ဒေသခံ ရွာသားတစ်ဦးက ပြောသည်။

 မကြာမီ မိုးရာသီကာလအတွင်း မိုးများသည့်ဒေသဖြစ်သည်နှင့် အညီ ထိုဖြစ်စဉ်မျိုးထပ်မံဖြစ်ပွားပါက ခရီးသွားလာသည့် မော်တော်ယာဉ်များ ဒေသခံပြည်သူများ အခက်ခဲများ ဆက်လက်ဖြစ်ပေါ်နေမည် ဖြစ်သဖြင့် တာဝန်ရှိအဖွဲ့အစည်းများအနေဖြင့် ကွင်းဆင်းစစ်ဆေးကြည့်ရှု ကာ ပြန်လည်ပြုပြင် ပေးစေလိုသည့် ဆန္ဒများ ရှိကြောင်း ဒေသခံကျေးလက်ပြည်သူများ ထံမှ ကြားသိရသည်။

ကော့သောင်း - ပြန်/ဆက်
မိုးသည်းထန်သဖြင့် ကော့သောင်း-ဘုတ်ပြင်းလမ်းပေါ် ရေကျော်မှုဖြစ်ပွား မိုးသည်းထန်သဖြင့် ကော့သောင်း-ဘုတ်ပြင်းလမ်းပေါ် ရေကျော်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 17:25 Rating: 5
Powered by Blogger.