လှိုင်သာယာတွင် လုံခြုံရေးဝန်ထမ်း ယာဉ်တိုက်ခံ၍ သေဆုံး

မူးယစ်၍ယာဉ်မဆင်မချင်မောင်းနှင်မှုကြောင့် စက်ဘီးစီးပြန်လာသော လုံခြုံရေး ၀န်ထမ်းတစ်ဦး မီးခွက်ဈေး ရွှေလမ်းစုံတွင် သေဆုံးမှု လှိုင်သာယာတွင်ဖြစ်ပွား
ရန်ကုန် ၊ ဇွန်၂၅

ယာဉ်နှင့်ဆိုင်ကယ် သုံးစွဲမှုများလာသော လှိုင်သာယာမြို့နယ်တွင် ယာဉ်မတော်တ ဆမှုများမကြာခဏဖြစ်ပွားလျှက်ရှိရာ ဇွန်(၂၄)ရက်ည(၁၁)နာရီ(၃၅)မိနစ်က မီးခွက်ဈေး လမ်းစုံဗိုလ်အောင်ကျော်လမ်းမကြီးပေါ်ရှိေ၇ွှဆိုင်၊ ဈေးဆိုင်ရှေ့ အဖီများနှင့် စက်ရုံဆင်းပြန် လာသောလုံခြုံရေးဝန်ထမ်းတစ်ဦးအား မူးယစ်၍မောင်းနှင်လာသည့် အငှားယာဉ်မှတို က်မိရာ လုံခြုံရေးဝန်ထမ်းမှာထိုနေရာတွင်သေဆုံးသွားကြောင်းသိရသည်။


အဆိုပါညဦးယံအချိန်က မီးခွက်ဈေးမီးပွိုင့်ကိုဖြတ်၍ YGN-6D-1021 Proboxအငှား ယာဉ်အားမောင်းနှင်လာသောစည်သူမျိုးဝင်း (၂၃)နှစ် ဗဟိုစည်လမ်း၊ အမှတ်(၈)ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်တွင် နေထိုင်သူမှာ မူးယစ်၍မောင်းလာစဉ် မီးပွိုင့်အားဖြတ်သန်းရန် စီးနင်းလာသော နယူးဝေးလ်အထည်ချုပ်စက်ရုံလုံခြုံေ၇း ၀န်ထမ်းဦးစောဝင်း(၅၄)နှစ်၊ အမှတ်(၁၁)ရပ်
ကွက်၊ လှိုင်သာယာတွင်နေထိုင်သူ၏ စက်ဘီးကိုတိုက်မိပါသည်။


၎င်းအပြင် မီးခွက်ဈေးတံတားကို ဆက်လက်ဖြတ်သန်းမောင်းနှင်လျှက် လမ်း၏ ဘယ်ဘက်တွင်
ရှိသောဈေးဆိုင်၊ ရွှေဆိုင်ရှေ့အဖီများကို ဆက်လက်တိုက်မိကာ ရွှေစင်ငွေစင်ရွှေဆိုင်ရှေ့သစ်ခြောက်ပင်ကို တိုက်မိရပ်တန့်သွားခဲ့သည်။ ယာဉ်မောင်းထိခိုက်ဒဏ်ရာ မရရှိသော်လည်း စက်ရုံလုံ ခြုံရေးဝန်ထမ်းမှာ ထိုနေရာတွင် သေဆုံးသွားကြောင်း သိရသည်။


အဆိုပါ ယာဉ်တိုက်မှုကြောင့် သေဆုံးသူအား မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထား ပြီးယာဉ်မဆင်မချင်မောင်းနှင်သူအား မြို့မရဲစခန်းက အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

ဓါတ်ပုံ-သစ္စာ / Aye Lwin
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
လှိုင်သာယာတွင် လုံခြုံရေးဝန်ထမ်း ယာဉ်တိုက်ခံ၍ သေဆုံး လှိုင်သာယာတွင် လုံခြုံရေးဝန်ထမ်း ယာဉ်တိုက်ခံ၍ သေဆုံး Reviewed by THITHTOOLWIN on 20:20 Rating: 5
Powered by Blogger.