အရှင်ဦးဝီရသူ ဖေ့စ်ဘွတ် အကောင့် ဘာကြောင့် ပိတ်ခံရလဲ

အသစ်တင်လို့ မရ သလို၊ ဝင်ကြည့်သူတွေ ကနေ like လုပ်လို့ မရ
အမျိုးသားရေး ဆရာတော်ဖြစ်တဲ့ မစိုးရိမ် တိုက်သစ်က အရှင် ဦးဝီရသူ ကိုယ်တိုင် အသုံးပြုတဲ့ လူမှုကွန်ယက် ဖေ့စ်ဘွတ် စာမျက်နှာ ၂ ခု ပိတ်ပင် တားမြစ် ခံလိုက်ရ ပါတယ်။

အကောင့် တခု ကတော့ အသစ်တင်လို့ မရ သလို၊ ဝင်ကြည့်သူတွေ ကနေ like လုပ်လို့ မရဘူးလို့ မရအောင်း လုပ်ထား တယ်လို့ ဆိုပါတယ်။

နောက် အကောင့် တခုကတော့ တလပိတ် ထားပြီး၊ သင်္ကြန် မတိုင်ခင်က တင်ထားတဲ့ ကိုရင်လေး ရေလောင်းနေတဲ့ ပုံနဲ့ ပတ်သက်ပြီး ပိတ်ပင်တာလို့ အီးမေးလ်လာ ကြောင်း ဦးဝီရသူက မိန့်ပါတယ်။

ဒီလို လုပ်ခံရ တာဟာ နိုင်ငံရေး ဘာသာရေး ကိစ္စတွေ ကြောင့် ဖြစ်နိုင်တယ် လို့လည်း ဆရာတော်က မိန့်ပါတယ်။

ဖေ့စ်ဘွတ် အနေနဲ့ ကတော့ မူးယစ် ဆေးဝါး နဲ့ ရာဇဝတ်မှု ကိစ္စတွေ မှာ အစိုးရ အကြား ဆောင်ရွက်မှု ရှိပေမယ့် အခုလို အကောင့် ပိတ်တာ ကတော့ ဖေ့စ်ဘွတ် နဲ့သာ သက်ဆိုင် တယ်လို့ မြန်မာ ပြန်ကြားရေး ဝန်ကြီးဌာန ပြောခွင့် ရသူ ဦးရဲနိုင် ကပြောပါ တယ်။

BBC Burmese
http://www.bbc.com/burmese
အရှင်ဦးဝီရသူ ဖေ့စ်ဘွတ် အကောင့် ဘာကြောင့် ပိတ်ခံရလဲ အရှင်ဦးဝီရသူ ဖေ့စ်ဘွတ် အကောင့် ဘာကြောင့် ပိတ်ခံရလဲ Reviewed by THITHTOOLWIN on 22:36 Rating: 5
Powered by Blogger.